Home
မြန်မာသတင်း
ရန်ကုန်တွင် ဒုမြို့တော်ဝန် ခန့်အပ်နိုင်ရန် ဥပဒေပြုအမတ်များကြိုးပမ်းနေ
အာကာ
·
June 21, 2018
ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးဥပဒေကြမ်းမှာ ဒုတိယမြို့တော်ဝန် ခန့်အပ်ဖို့ အချက်ကို ထည့်သွင်းထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ထံက သိရပါတယ်။ ရန်ကုန်မြို့မှာ ဒုတိယမြို့တော်ဝန်ကို ၂၀၁၂ ခုနှစ်ထိ ခန့်အပ်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ် စည်ပင်သာယာဥပဒေအရ လက်ရှိချိန်ထိ ခန့်အပ်တာ မရှိပါဘူး။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “ဒုတိယမြို့ တော်ဝန် ခန့်အပ်မယ့် အချက်ကို ကျမတို့ ကိုယ်စားလှယ်အများစုက လက်ခံတဲ့ဘက်မှာ ရှိတယ်။ ရန်ကုန်အတွက် လိုအပ်တယ်။ ရန်ကုန်တိုင်းမှာ စီမံကိန်းတွေကလဲ အများကြီးလုပ်နေတော့ နောက်ပိုင်းမှာ မြို့တော်ဝန် တစ်ဦးထဲနဲ့  အခက်အခဲ ရှိနိုင်တယ်။”လို့  ပြောပါတယ်။ ဒါပေမယ့် ဒုတိယ မြို့တော်ဝန်ကို ရွေးကောက်ခံ ကော်မတီဝင်တွေထဲက ရွေးချယ်ခန့် အပ်ဖို့ ကိုလဲ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “မန္တလေးမြို့မှာ ဒုမြိုတော်ဝန် ထားတယ်။ ကျနော်တို့လည်း ထားဖို့လိုတယ်။ ပြည်သူရွေးချယ်တင်မြှောက်တဲ့ သူထဲက ဖြစ်ရမယ်။ ဒါတွေ ဆွေးနွေးဖို့ စိုင်းပြင်းနေတယ်” လို့ ပြောပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းကို ဆွေးနွေးဖို့ ဒီနေ့ ဇွန်လ ၂၁ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး အစီအစဉ်မှာ ထည့်သွင်းထားပေမယ့် ရွှေ့ ဆိုင်းလိုက်တဲ့အတွက်  လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ပွင့်ပွင့်လင်းလင်းပြောရရင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို စိတ်ပျက်တယ်။  အချိန်တွေ အလကားကုန်ရတယ်။ မဖြစ်သင့်ပါဘူး။ ဒီလိုမှန်းသိအဲ့ အချိန်တွေ ဘုရားရှိခိုးနေမှာပေါ့”လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024