Home
မြန်မာသတင်း
မိုးညှင်းတွင် မူးယစ်တရားခံပြေး ထပ်မံလွတ်မြောက်၊ ဇနီးနှင့် လက်နက်များဖမ်းမိ
DVB
·
June 21, 2018
ကချင်ပြည်နယ်၊ နားမားကျေးရွာမှာ ဇွန် ၂၀ ရက်မနက်က မူးယစ်တရားခံပြေးကို လိုက်လံဖမ်းဆီးရာ ထွက်ပြေးသွားပြီး သူ့ရဲ့ ဇနီးနဲ့အတူ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံပြေး ထွန်းထွန်းဟာ နေအိမ်ကို ပြန်ရောက်ရှိနေပြီး မူးယစ်ဆေးဝါးတွေ ပြန်လည်ရောင်းချနေကြောင်း သတင်းရရှိတဲ့အတွက် မိုးညှင်းခရိုင်မူးယစ်နှိမ်နင်းရေး ရဲအုပ်ဇော်လွင်ဦးနဲ့အဖွဲ့ နားမားနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဆန်းအောင်ထူးနဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့တာပါ။ တရားခံပြေး ထွန်းထွန်း(ခေါ်)အောင်ဝင်းထွန်းမှာ ပြန်လည်ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး သူ့ရဲ့ဇနီးဖြစ်သူ မဆိုင်းပန်ကိုတော နေအိမ်ဘေး အိမ်သာအတွင်းတွေ့ရှိခဲ့ပြီး အိမ်သာဘေးမြေပြင်ပေါ်မှာ အဖြူရောင်ကော်ဗူးအတွင်း ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့် ၀  ဒသမ ၂ဂ ရမ် ၁ ဗူး၊ အိပ်ယာဘေးက M-20အမျိုးအစား ပစ္စတို ၂ လက်၊ M-20 ပစ္စတိုကျည်အိမ် ၂ ခု၊ M-20ပစ္စတိုကျည် ၂၄တောင့်၊ M-22ကျည် ၅တောင့်၊ တရုတ်နိုင်ငံလုပ် MG-1 ပလပ်စတစ်လက်ပစ်ဗုံး နာနတ်သီးပုံ ၃ လုံး၊ ဗုံးဖြူး ၃ ချောင်း၊ အနက်ရောင်ခါးပတ်အိတ် ၁ အိတ် တို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။ တရားခံထွန်းထွန်းဟာ နားမားကျေးရွာတကြော မူးယစ်ဆေး ရောင်းချလိုမှုအတွက် တလကိုငွေ ၁၀သိန်း ကားပါဝယ်ပေးပါမယ်လို့ ကိုယ်စားလှယ်စေလွှတ်ကာ ညှိနိုင်းခဲ့ကြောင်း၊ ထွန်းထွန်းရဲ့ မိခင်ကိုယ်တိုင် ငွေထုတ်နဲ့ မိမိနေအိမ်ကို လာရောက် ကန်တော့ခဲ့တာကို  သက်သေရာအိမ်မှူးတွေနဲ့ ပြန်လည်ပေး အပ်ခဲ့ပြီးနောက် ဒီလိုငွေကြေးနဲ့ လာရောက်ညှိနှိုင်းရင် တိုင်ကြားဖမ်းချုပ်ပစ်မယ်လို့ ပြောခဲ့တဲ့အကြောင်း နားမားကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ မိုးညှင်းရဲစခန်းက မဆိုင်းပန်နဲ့ ထွက်ပြေးသွားသူ အောင်ဝင်းထွန်း(ခေါ်)ထွန်းထွန်းကို  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ တရားမဝင် လက်နက်ကိုင်ဆောင်မှု မယ(ပ)၁၆(ဂ)//၂၂(ခ)/၂၁ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024