Home
အနုပညာ
မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ဖြိုးမြတ်အောင် သီဆိုသည့် ‘ငါတို့ရဲ့ General’ သီချင်း (ရုပ်သံ)
DVB
·
June 21, 2018
မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ နောက်ဆုံးဆန်ကာတင် ၁၁ ဦးထဲက ပရိသတ်ပေးတဲ့ မဲအများဆုံး ရရှိထားတဲ့ ဖြိုးမြတ်အောင် (ခေါ်) အဂ္ဂနီ သီဆိုထားတဲ့ ‘ငါတို့ရဲ့ General’ သီချင်းဟာ အွန်လိုင်းမှာ လူကြိုက်များနေပါတယ်။ “အစိမ်းရောင်ကုတ်တထည်တည်းကို ဝတ်ခဲ့တယ်၊ ပဲပြုတ်နံပြားက သူ့အတွက် အကောင်းဆုံးမနက်စာတဲ့၊ ခုံဖိနပ်ကိုစီးကာ တက္ကသိုလ်တက်ခဲ့တယ်၊ အသက်နဲ့ ဘဝကို ပေးဆပ်ရဲခဲ့တယ်၊ ငါတို့ရဲ့ General” အစရှိတဲ့ စာသားတွေ ပါဝင်တဲ့ ဒီသီချင်းကို တေးရေး ယူဇော်က ရေးသားပြီး Doron အဖွဲ့က တီးခတ်ထားတာ ဖြစ်ပါတယ်။ ဟင်္သာတမြို့သား ဖြိုးမြတ်အောင်ဟာ အခုနှစ် Season 3 မြန်မာအိုင်ဒေါပြိုင်ပွဲကို ပုသိမ်မြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ‘ငါတို့ရဲ့ General’ သီချင်းနဲ့ပဲ ဂီတာတီးကာ သီဆိုပြခဲ့ရာမှာ အကဲဖြတ်ဒိုင်တွေရဲ့ အကြိုက်တွေ့ပြီး Golden Ticket ရရှိခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံ - Aksi Pi
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024