Home
မြန်မာသတင်း
ပုသိမ်နှင့် တမူးမြို့အနီးတွင် မြေငလျင်လှုပ်
DVB
·
June 20, 2018
မြန်မာနိုင်ငံ ပြည်တွင်းနဲ့ နယ်စပ်အနီးကို ဗဟိုပြုပြီး ဇွန် ၂၀ရက် တရက်ထဲမှာ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင် ၂ခု လှုပ်သွားတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။ မွန်းလွဲ ၂နာရီ၁၄မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး မြန်မာ-အိန္ဒိယနယ်စပ် ပြည်ပမှာ ငလျင်တခု၊ ညနေ ၃နာရီခွဲလောက်က ပုသိမ်မြို့နားမှာ ပြည်တွင်းဗဟိုပြု ငလျင်တခုတို့ လှုပ်ခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၂၀ရက် မြန်မာစံတော်ချိန် (၁၄)နာရီ (၁၄)မိနစ် (၂၅)စက္ကန့် အချိန်မှာ  တမူးမြေငလျင်စခန်းမရဲ့ မြောက်ဘက် (၃၈) မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်ပ (မြန်မာ-အိန္ဒိယနယ်စပ်)မှာ ဗဟိုပြုပြီး  အင်အား ရစ်ခ်ျတာစကေး(၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်သွားတယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၀ရက် မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၃၆)မိနစ်၊ (၃၃)စက္ကန့် အချိန်မှာလည်း ပုသိမ်မြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် (၁၈)မိုင်ခန့် ကွာဝေးတဲ့  မြန်မာပြည်တွင်း ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် လှုပ်ရှားသွားတာ တိုင်းထွာရရှိတယ်လို့ မိုးလေ၀သသတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024