တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ အရာရှိများ ဇွန်လ ၂၂ ရက်နေ့ ဆွေးနွေးမည်

ဓာတ်ပုံ - ရိုက်တာ
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ် မြောက်ပိုင်းက ကမ်ဂံတောင် အပန်းဖြေစခန်းမှာ နှစ်နိုင်ငံအရာရှိတွေ ဇွန်လ ၂၂ ရက်နေ့မှာ အစည်းအဝေးကျင်းပဖို့ ရက်သတ်မှတ်လိုက်ပါတယ်။ ကိုရီးယားစစ်ပွဲအတွင်း ပြိုကွဲခဲ့တဲ့ မိသားစုတွေ ပြန်လည်ဆုံစည်းရေး ဆွေးနွေးဖို့ ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းတို့ ဧပြီလက ကျင်းပခဲ့တဲ့ ထိပ်သီးညီလာခံမှာ မိသားစုတွေ သြဂုတ် ၁၅ ရက်မှာ ပြန်ဆုံစည်းဖို့ စီစဉ်ရေး၊ စစ်ဘက် အပြန်အလှန် ဆက်သွယ်နိုင်တဲ့ ဖုန်းလိုင်းတွေ ဖွင့်ပေးရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံလုံးဟာ ဂျပန်ဆီက လွတ်လပ်ရေးရတဲ့နေ့အဖြစ် သြဂုတ် ၁၅ ရက်ကို အတူတူ ကျင်းပကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up