ကမ္ဘာ့ဖလားပွဲ အထိမ်းအမှတ် ရုရှားတွင် သစ်သားပန်းပုထုပြိုင်ပွဲ ပြုလုပ်

ဓာတ်ပုံ - ရိုက်တာ
လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲ အထိမ်းအမှတ်နဲ့ ရုရှား-ဆားဘီးယား ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းတဲ့အနေနဲ့ ရုရှားနိုင်ငံမှာ သစ်သားပန်းပုထုပြိုင်ပွဲ ပြုလုပ်နေပါတယ်။ ရုရှားနိုင်ငံမြောက်ပိုင်းက ကာလင်ဂရက်ဒေသ ဆေးဗားဂေါ့စ်မြို့မှာ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့ကြတာပါ။ အဲဒီပြိုင်ပွဲကို ရုရှားနိုင်ငံတဝန်းက အနုပညာရှင် ၈ ဦး ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး နည်းစနစ်မျိုးစုံ၊ ပစ္စည်းပစ္စယမျိုးစုံသုံးပြီး သစ်လုံးကြီးတွေကို အခုနှစ် ကမ္ဘာ့ဖလား လာဘ်ကောင်ရုပ် အပါအဝင် ရုရှားခေါင်းဆောင်ကြီး လီနင် စသူတွေရဲ့ ရုပ်တုတွေကို ပြိုင်ဆိုင် ထုဆစ်ခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆားဘီးယားအသင်းဟာလည်း အခုသစ်သားပန်းပုပြိုင်ပွဲ ကျင်းပရာ ဆေးဗားဂေါ့စ်မြို့မှာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ အခုထုလုပ်တဲ့ သစ်သားရုပ်တုတွေကို မကြာမီဖွင့်လှစ်မယ့် “ရုရှား-ဆားဘီးယား ချစ်ကြည်ရေးရင်ပြင်” ကို ပို့ဆောင်ထားရှိသွားမှာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up