ဆီနီဂေါက ပိုလန်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလား အုပ်စု အိတ်ခ်ျ ပွဲစဉ်မှာပဲ ဆီနီဂေါအသင်းက ပိုလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဆီနီဂေါအတွက် ဦးဆောင်ဂိုးကို တဖက်နောက်ခံလူ ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရသွားတာပါ။ နှစ်သင်းစလုံး နာမည်ကြီး ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။ ပိုလန်အသင်းဘက်က ကန်သွင်းချက်တွေကို ဆီနီဂေါဂိုးသမား ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆီနီဂေါအသင်း အခွင့်အရေး နည်းနည်းပဲရပေမယ့် ရတဲ့အခွင့်အရေးကို အပိုင် အသုံးချနိုင်ခဲ့ပါတယ်။ ဒုတိယဦးဆောင်ဂိုးကို ပိုလန်နောက်တန်းရဲ့ အမှားကနေ မိနစ် ၆၀ မှာ နီယောင်က သွင်းယူပါတယ်။ ဒီပွဲမှာ ပိုလန်က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပိုလန်အတွက် တလုံးတည်းသော ချေပဂိုးကို ၈၆ မိနစ်မှာ သွင်းယူပါတယ်။ ဆီနီဂေါအသင်းဟာ အခုပြိုင်ပွဲမှာ အာဖရိကအသင်းတွေထဲကနေ ပထမဆုံး အနိုင်ရတဲ့ အသင်း ဖြစ်သွားပါတယ်။ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဂျပန်နဲ့ ဆီနီဂေါ၊ ပိုလန်နဲ့ ကိုလံဘီယာတို့ ဇွန်လ ၂၄ ရက်ေန့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up