အာရှအားကစားပြိုင်ပွဲတွင် ကိုရီးယားနှစ်နိုင်ငံ ပူးတွဲပါဝင်ရန် ဆွေးနွေးမည်

မကြာမီ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ ကိုရီးယားနှစ်နိုင်ငံ ပူးတွဲပါဝင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ တောင်ကိုရီးယားဘက်က ကိုယ်စားလှယ်တွေဟာ နှစ်နိုင်ငံနယ်စပ်က ပန်မွန်ဂျုံကျေးရွာကို ဇွန်လ ၁၈ ရက်နေ့မှာ ထွက်ခွာသွားပါတယ်။ တောင်ကိုရီးယား အားကစားနဲ့ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ဂျန်းချွန်းရိုင်နဲ့ မြောက်ကိုရီးယား အားကစားနှင့် ကာယ ဒုဝန်ကြီး ဝန်ရေကေတို့ ပန်မွန်ဂျုံကျေးရွာက တောင်ကိုရီးယားဘက်ခြမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးဂေဟာမှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ “ဒီနေ့ဆွေးနွေးမယ့်ကိစ္စက သြဂုတ်လမှာ ကျင်းပမယ့် အာရှ အားကစားပြိုင်ပွဲမှာ နှစ်နိုင်ငံ ပူးပေါင်းပါဝင်ဖို့ပါ။ အားကစားနည်းမျိုးစုံမှာ နှစ်နိုင်ငံ အပြန်အလှန် ဖလှယ်ရေးနဲ့ ပူးတွဲ လေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းမျိုးစုံကို ဆွေးနွေးသွားမှာပါ။ ပြုံချန်းအိုလံပစ်ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ အတိုင်းပါပဲ။ အားကစားဆိုတာ တောင်နဲ့မြောက်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဂိတ်တံခါးကို ဖွင့်ပေးတဲ့အရာဆိုတာကို ကျနော်တို့အားလုံး သိကြပြီးဖြစ်ပါတယ်” လို့ တောင်ကိုရီးယား အားကစားနဲ့ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ဂျန်းချွန်းရိုင်က ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up