Home
မြန်မာသတင်း
ဘောလုံးပွဲလောင်းကစားသူကို လောင်းကစားဥပဒေဖြင့် အရေးယူ
DVB
·
June 18, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မှာ ချဲထီနဲ့ နိုင်ငံခြားဘောလုံးပွဲ လောင်းကစားပြုလုပ်သူကို အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဇွန်လ ၁၅ ရက် ညနေ ၅ နာရီခွဲလောက်က ယင်းမာပင်မြို့နယ်၊ မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သက်သေတွေနဲ့အတူ ရွာသာ ယာကျေးရွာနေ မျိုးဇော်ဝင်း(၄၀)နှစ်ရဲ့ နေအိမ်ဈေးဆိုင်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးရာမှာ ချဲထီလောင်း ကစားရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေ နိုင်ငံခြား ဘောလုံးပွဲလောင်းကစားရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ လောင်းကြေး ငွေကျပ်(၃၄၃,၇၅၀)တို့ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ယင်းမာပင်မြို့မရဲစခန်း(ပ)၁၂၅/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) နဲ့ အရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024