ဖြူးမြို့တွင် တရက်တည်း ငလျင် ၂ ကြိမ်လှုပ်ခတ်
DVB
·
June 18, 2018
ဖြူးမြို့အနောက်တောင်ဘက်မှာ ဇွန် ၁၇ ရက်နေ့ညက ငလျင် ၂ ကြိမ် လှုပ်ခတ်သွားတယ်လို့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖြူးမြို့ အနောက်တောင်ဘက် ၂၅ မိုင်လောက်အကွာခန့်အကွာကို ဗဟိုပြုပြီး ဇွန် ၁၇ ရက်နေ့ ည ၇ နာရီ ၅၁ မိနစ်က အင်အားရစ်တာစကေး ၅.၁ အဆင့်ရှိ ငလျင်နဲ့ ည ၈ နာရီ ၁၂ မိနစ်မှာ အင်အားရစ်တာစကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တွေ လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။