ဂရိတွင် ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ပစ်ခတ်

Protesters scuffle with riot police during a demonstration against the agreement reached by Greece and Macedonia to resolve a dispute over the former Yugoslav republic's name, in Athens, Greece, June 16, 2018. REUTERS/Costas Baltas
  ဂရိနိုင်ငံ မြို့တော်အေသင်က လွှတ်တော်အပြင်မှာ ဆန္ဒပြသူတွေကို ရဲတွေက ဇွန် ၁၆ ရက်မှာ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ လွှတ်တော်တွင်းမှာ အမတ်တွေက အစိုးရရဲ့ လုပ်ရပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်း ဆွေးနွေးနေပါတယ်။ အိမ်နီးချင်း မက်ဆီဒိုးနီးယားနဲ့ နာမည်တူနေတဲ့ ကိစ္စကို ဂရိအစိုးရက နာမည်ပေးသုံးဖို့ သဘောတူခဲ့လို့ ဆန္ဒပြသူတွေက ဒီလုပ်ရပ်ကို ဆန့်ကျင်နေတာပါ။ စင်တက်ဂ်မာ ရင်ပြင်အလယ်မှာ စုရုံးနေတဲ့ ဆန္ဒပြသူ အယောက် ငါးထောင်လောက်က သစ္စာဖောက်၊ သစ္စာဖောက် စတဲ့ ကြွေးကြော်သံကို ဟစ်ကြွေးခဲ့ပါတယ်။ ဘောလ်ကန်ဒေသတွင်း နိုင်ငံရဲ့နာမည်နဲ့ ပတ်သက်ပြီး ဆယ်စုနှစ်ချီ အငြင်းပွားမှု အဆုံးသတ်ရေး ဂရိအစိုးရနဲ့ မက်ဆီဒိုးနီးယား အစိုးရတို့ ဒီသီတင်းပတ်ထဲမှာ သဘောတူခဲ့ ပါတယ်။ သဘောတူညီချက်အရ ယူဂိုဆလပ်ဗ် နိုင်ငံဟောင်းကို အနာဂတ်မှာ မြောက် မက်ဆီဒိုးနီးယား နိုင်ငံလို့ ခေါ်တွင်မှာပါ။ မက်ဆီဒိုးနီးယား ဆိုတဲ့ နာမည်နဲ့ ဂရိနိုင်ငံထဲမှာ ပြည်နယ်တခုရှိတာကြောင့် နာမည်ဆင်တူလို့ ပိုင်နက်အငြင်းပွားမှု ဖြစ်မှာကို စိုးရိမ်ခဲ့ကြပါတယ်။ အစိုးရ ၂ ခုကြား သဘောတူညီချက်ကြောင့် နှစ်နိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေ မုန်တိုင်းထန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up