ရုတ်တရက်ထုတ်ပြန်လိုက်သည့် ဂျေဇီးတို့မောင်နှံ၏ အယ်ဘမ်သစ် (ရုပ်သံ)

ဂျေဇီနဲ့ ဘီယွန်ဆေးတို့နှစ်ယောက်က သူတို့ရဲ့အစဉ်အလာအတိုင်း ဘယ်သူမှ သတိမပြုမိချိန်မှာ အယ်ဘမ်သစ်တစ်ခုကို ရုတ်တရက်ထုတ်ပြန်ခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။ ဒီအမ်ဘယ်သစ်ဟာ သူတို့နှစ်ယောက် ပူးတွဲသီဆိုထားတဲ့ အယ်ဘမ်ဖြစ်ပြီးတော့ ဒီအခွေထဲမှာ ပြီးခဲ့တဲ့နှစ် ဂရမ်မီဆုပေးပွဲမှာ ဂျေဇီကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကို ရေးစပ်ထားတဲ့ သီချင်းအပြင် သူတို့သားသမီးတွေရဲ့အသံတွေလည်း ပါဝင်ပါတယ်။ သီချင်း  ၉ ပုဒ်ပါဝင်တဲ့ ဒီအယ်ဘမ်သစ်ကို “Everything is Love” လို့ နာမည်ပေးထားပြီး ဒါကို ဂျေဇီ ရှယ်ယာပါတဲ့ Tidal မှာ စနေနေ့က ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအယ်ဘမ်သစ်မှာ ဘီယွန်ဆေးဟာ အရင်အယ်ဘမ်တွေထက် ရက်ပ်ပင်း ပိုမိုသီဆိုထားတာကို ခံစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ  ဂျေဇီး အရှက်ရခဲ့တဲ့ အခြေအနေအပေါ် ရေးစပ်ထားတဲ့ သီချင်းတပုဒ်ကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။ ဂျေဇီးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဂရမ်မီဆုပေးပွဲမှာ ဆုပေါင်းများစွာအတွက် အဆိုပြုခံခဲ့ရပေမယ့်လည်း လက်တွေ့မှာ ဆုတစ်ဆုကိုမှ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။ အခွေသစ်မှာ ဂျေဇီးက NFL Super Bowl ရှိုးပွဲတွေအကြောင်းကိုလည်း သီချင်းလုပ် ဆိုထားပြီး ဒီအားကစားပြိုင်ပွဲကို သူလိုအပ်တာထက် အားကစားပြိုင်ပွဲက သူ့ကိုလိုအပ်တာက ပိုများတယ်လို့ ရက်ပ်နေရာမှာ ထည့်ဆိုထားပါတယ်။ သီချင်း ၉ ပုဒ်ထဲက BOSS ဆိုတဲ့သီချင်းမှာ ဂျေဇီိတို့ ဇနီးမောင်နှံရဲ့ သမီးကြီး ဘလူးအိုင်ဗွီက သူ့ရဲ့ မောင်နှမနှစ်ယောက်ဖြစ်တဲ့ ရူမီနဲ့ဆာတို့ကို အော်လိုက်တဲ့အသံနဲ့ အဆုံးသတ်ထားတာကိုလည်း တွေ့ရပါတယ်။ ဘီယွန်းဆေးဟာ ၂၀၁၃ ခုနှစ်တုန်းကလည်း Beyonce ဆိုတဲ့ အယ်ဘမ်ကို ဘယ်သူမှ သတိမထားမိခင် ထုတ်ပြန်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up