Home
မြန်မာသတင်း
အောင်မင်္ဂလာအဝေးပြေးကွင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ဆေးခန်း ဖွင့်လှစ်
စိုးမိုးအောင်
·
June 17, 2018
ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းကဆေးခန်းမှာ ခရီးသည်တွေကို အခမဲ့ကုသပေးမှာဖြစ်တယ်လို့ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ အောင်မင်္ဂလာဆေးခန်းဖွင့်ပွဲကို ဇွန်လ ၁၇ ရက်နေ့က အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းမှာပြုလုပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်မြင့်ထွေး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ပါတယ်။ အဲဒီဆေးခန်းမှာ လာရောက်ကုသမယ့်ခရီးသည်တွေ၊ ယာဉ်လုပ်သားတွေကို အခမဲ့ ကုသပေးဖို့ လိုအပ်တဲ့ဆရာဝန်ဆရာမတွေအပြင် ဆေးဝါးပစ္စည်းတွေကို ကျန်းမာရေးဝန်ကြီး ဌာနက ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။ အောင်မင်္ဂလာအဝေးပြေးကို မြန်မာနိုင်ငံအရပ်ရပ်ကနေ နေ့စဉ်လာရောက်တဲ့ခရီးသည် သောင်းနဲ့ချီနေတာကြောင့် ရောဂါပြန့်နှံမှုအတွက် အရေးကြီးတဲ့နေရာတခုလည်းဖြစ်တာကြောင့် အခုလိုကျန်းမာရေးစောင့်ရှောက်မှုပေးတာလို့ ဒေါက်တာမြင့်ထွေးကပြောပါတယ်။ အောင်မင်္ဂလာအဝေးပြေးအပြင် လှိုင်သာယာမြို့နယ်က ဒဂုံဧရာအဝေးပြေးကိုလည်း အခုလိုဆေးခန်းဖွင့်ပေးဖို့ရှိတယ်လို့ သူကဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024