ပင်နယ်တီလွဲချော်ခဲ့သည့်အတွက် ထိခိုက်နာကျင်ရဟု မက်ဆီပြော

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အိုက်စလန်နဲ့ ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်တဲ့အတွက် ထိခိုက်နာကျင်ရတယ်လို့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောဆိုပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှူး မက်ဆီကန်သွင်းတဲ့ ပင်နယ်တီကို  အိုက်စလန် ဂိုးသမားက အလွယ်တကူပဲ ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီပင်နယ်တီ မ၀င်တဲ့အတွက် အာဂျင်တီးနားအသင်းလည်း အနိုင် ၃ မှတ်နဲ့ ဝေးကွာခဲ့ရပါတယ်။ တိုက်စစ်မှူး မက်ဆီကတော့ အိုက်စလန်ရဲ့ကစားပုံ နည်းစနစ်တွေက သူ့အတွက် အခက်အခဲ ဖြစ်စေသလို ခံစစ်ကစားတာ ကောင်းတယ်လို့ ပြောပါတယ်။ မက်ဆီက ပင်နယ်တီ မ၀င်ပေမယ့်လည်း ပြိုင်ဘက် ရော်နယ်ဒိုကတော့ ပင်နယ်တီ အပါအ၀င် ၃ ဂိုး သွင်းယူထားပါတယ်။ အာဂျင်တီးနားဟာ ဇွန် ၂၁ ရက်နေ့ ဒုတိယပွဲစဉ်မှာ ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up