အက်သလက်တီကိုအသင်းတွင် ဆက်ရှိနေမည်ဟု တိုက်စစ်မှူး ဂရစ်ဇ်မန်း ပြော

ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းက လက်ရှိကစားနေတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းမှာပဲ ဆက်နေသွားမယ်လို့ ကြေညာလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပြင်သစ်နဲ့ သြစတြေးလျတို့ ကစားမယ့် ကမ္ဘာ့ဖလားမတိုင်မီ သူ့အနာဂတ်နဲ့ ပက်သက်လို့ အသိပေးပြောဆိုလိုက်တာပါ။ ဂရစ်ဇ်မန်းကို စပိန်ထိပ်သီး ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ ဘာစီလိုနာ ဥက္ကဋ္ဌကိုယ်တိုင် ဂရစ်ဇ်မန်းရဲ့ အေဂျင်းဖြစ်သူနဲ့ အပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးထားပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ရီးရဲလ်ဆိုစီဒက် အသင်းကနေ ၂၀၁၄ မှာ အက်သလက်တီကို မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာတာပါ။ သူဟာ အသင်းအတွက် ဂိုးပေါင်း ၁၁၂ ဂိုး သွင်းယူပေးထားသလို ပြင်သစ်လက်ရွေးစင် အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up