Home
မြန်မာသတင်း
ချောက်​တွင်​ ယာဉ်​တိုက်မှု​ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ​ဦး​သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 17, 2018
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို မနေ့ည​နေ ၆ နနာရီခွဲအချိန်​ခန့်​မှာ​ ဒိုင်​နာယာဉ်​ တိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ​ဦး ​သေဆုံးခဲ့​ပြီး  အမျိုးသား၂ ​ဦး ဒဏ်ရာရခဲ့တယ်လို့ ​ချောက်​မြို့မရဲစခန်းက သိရပါတယ်။ အမှတ်​ ၇ ရပ်​ကွက်​၊ အုတ်​ဖို ​ဘောလုံးကွင်းတိုက်​တန်းလမ်းမှာ ​တောင်​မှ​မြောက်​ကို ယာဉ်​​မောင်း တင်​ဝင်းထွန်း အရှိန်​နဲ့​မောင်းနှင်လာတဲ့ ဒိုင်နာယာဉ်က တဖက်​ယာဉ်​​ကြောမှ ရပ်​တန့်​ထား​တဲ့ ​ထော်​လာဂျီယာဉ်​အား တိုက်​မိပြီးနောက် ​ထော်​လာယာဉ်က လမ်းမရှင်းသေးလို့ ရပ်​​နေ​တဲ့ စိုးမင်းသူနဲ့ စုမွန်​ဖြိုးတို့ရဲ့ ဆိုင်​ကယ်​အား ထပ်မံတိုက်​မိခဲ့​တယ်လို့ ရဲစခန်းက ပြောပါတယ်။ ဖြစ်​စဉ်​​ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး မစုမွန်​ဖြိုး ​သေဆုံးခဲ့ပြီး ဆိုင်​ကယ်​​မောင်းသူ စိုးမင်းသူ နဲ့ ထော်လာဂျီယာဉ်မောင်း ​ကျော်​​ဇေယျတို့ မစိုးရိမ်​ရ ဒဏ်​ရာတွေ ရရှိခဲ့​တယ်လို့ ဆိုပါတယ်။ ​သေဆုံးသူအမျိုးသမီးမှာ ​ကိုယ်​ဝန်​​သည်​တဦးဖြစ်ပြီး ကား​က မူမမှန်ဘဲ ​ထော်​လာဂျီကို ၀င်တိုက်ခဲ့တာလို့ အခင်းဖြစ်​​နေရာအနီးရှိ ​ဒေသခံတဦးက ပြောပါတယ်။ အဆိုပါဖြစ်​စဉ်​​ကြောင့် ယာဉ်​​မောင်း တင်​ဝင်းထွန်းအား ယာဉ်​မဆင်​မခြင်​​မောင်းနှင်​မှုကြောင့် ထိခိုက်​ဒဏ်​ရာရ၊ ​သေဆုံးမှုတို့နဲ့ ​ချောက်​မြို့မရဲခန်းက အမှုဖွင့် ​အရေးယူထားကြောင်း  သိရပါတယ်။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024