အင်ဒိုနီးရှားနိုင်ငံက ရှားပါး ဆူမားတြားကြံ့သားပေါက် မွေးဖွားခြင်း
DVB
·
July 2, 2012
အင်ဒိုနီးရှားနိုင်ငံက ရှားပါး ဆူမားတြားကြံ့တွေဟာ အသက်ရှင်သန်ဖို့ အသည်းအသန် ရုန်းကန် အားထုတ် နေရပါတယ်။ ဒါကြောင့် ကြံ့သားငယ်လေး အသစ်မွေးဖွား ပေါ်ပေါက်လာတာကို ချီးကျုးဂုဏ်ပြုတာက တကယ့်ခိုင်မာတဲ့ အကြောင်းပြချက်ပါပဲ။ အင်ဒိုနီးရှားနိုင်ငံမှာ ဆူမားတြားကြံ့ သားပေါက်လေး အန်ဒါတူကို ဒီတပတ်ထဲမှာပဲ မွေးဖွားခဲ့တာပါ။ သူဟာ နှစ်ပေါင်း ၁၂၀ အတွင်းမှာ အာရှတိုက်မှာ ပထမဆုံး လှောင်အိမ်ထဲ မွေးဖွားတဲ့ ကြံ့ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တလွှားမှာတော့ သူ့လို လှောင်အိမ်ထဲမှာ မွေးဖွားတဲ့ ကြံ့တွေထဲမှာ သူဟာ ၄ ကောင်မြောက်ဖြစ်ပါတယ်။ ဒါဟာ သိပ်နှေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီလို ကြံ့အမျိုးအစားက ကောင်ရေ ၂၀၀ လောက်ပဲ ကျန်ပါတော့တယ်။
အေးရှားကောလင်း သတင်းထောက် ထရီ ပူရ်နာ ဂျာယာ (Tri Purna Jaya)ဟာ အင်ဒိုနီးရှား နိုင်ငံက ဝေကမ်ဘာ့စ် သဘာဝဥယျာဉ်ထဲက ကြံ့သားပေါက်လေး အန်ဒါတူဆီ သွားရောက်ကြည့်ရှု သတင်းပေးပို့ထားပါတယ်။