လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင် သေဆုံး

အာဖဂန်-ပါကစ္စတန် နယ်စပ်အနီး ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် မူလာဖက်ဇ်လူလာ သေဆုံးခဲ့ကြောင်း အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက ဇွန် ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အစောပိုင်းက အမေရိကန်စစ်တပ်ဟာ အာဖဂန် အရှေ့ပိုင်း ခူနာပြည်နယ်ရှိ စစ်သွေးကြွခေါင်းဆောင်တဦးကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ တာလီဘန်ခေါင်းဆောင် ဖက်ဇ်လူလာဟာ ကလေး ၁၃၂ ဦး သေဆုံးခဲ့ရတဲ့ ၂၀၁၄ ကျောင်းတိုက်ခိုက်မှုနဲ့ ၂၀၁၂ ခုနှစ်တုန်းက မာလာလာကို သေနတ်နဲ့ ပစ်ခတ်မှု အပါအ၀င် တိုက်ခိုက်မှုပေါင်းများစွာအတွက် အလိုအရှိဆုံး ပါကစ္စတန် စစ်သွေးကြွ ခေါင်းဆောင်ဖြစ်ပါတယ်။ အခုလို တာလီဘန်ခေါင်းဆောင် ဖက်ဇ်လူလာ သေဆုံးခဲ့တဲ့အတွက် ပါကစ္စတန်နဲ့ အမေရိကန်အကြား ဆက်ဆံရေး ဆိုးရွားနေမှုကို လျော့ပါးစေနိုင်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up