သမ္မာန်တိမ်းမှောက်မှု ပျောက်ဆုံး ၄ ဦးထဲမှ အမျိုးသမီး ၁ ဦးအလောင်း ပြန်တွေ့
DVB
·
June 16, 2018
ဇွန်လ ၁၃ ရက်နေ့ညက ရန်ကုန်မြစ်ထဲ သမ္မာန်တစ်စီးတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ ၄ ဦးထဲက အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးသမားတွေက သန်လျက်စွန်းမှာ ဒီကနေ့ မနက်ပိုင်း ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ပျောက်ဆုံးနေတာကတော့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးပါ။ အခုပြန်တွေ့တာကတော့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး လက်ရှိမှာတော့ တွေ့ရှိတဲ့ ရုပ်အလောင်းကို ဆေးရုံကြီး ပို့ဆောင်ခဲ့ပါတယ်။
ရန်ကုန် စဥ့်အိုးတန်းဆိပ်ကမ်းကနေ ဒလမြို့နယ် ကမာကသွယ်ဆိပ်ကမ်းပြေးဆွဲနေတဲ့ သမ္မာန်တိမ်းမှောက်တာနဲပတ်သက်ပြီး စက်သမ္မာန်ယာဉ်မောင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၀/၃၇၇ နဲ့ ဆိပ်ကမ်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။