Home
မြန်မာသတင်း
ရန်ကုန် မိုးပျံအမြန်လမ်းမကြီး စီမံကိန်းအတွက် တင်ဒါခေါ်မည်
DVB
·
June 15, 2018
ရန်ကုန်မြို့မှာ တည်ဆောက်မယ့် မိုးပျံအမြန်လမ်းမကြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ တင်ဒါခေါ်ယူမယ်လို့ ဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်က ပြောပါတယ်။ ဇွန်လ ၁၅ ရက်နေ့က နေပြည်တော်ရှိ M Gallery ဟိုတယ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး ကွန်ရက်တွေကို အဆင့်မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲ အပြီးမှာ ဆောက်လုပ်ရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။ အဲဒီ မိုးပျံအမြန်လမ်းမကြီးဟာ ရန်ကုန်မြို့တွင်း ဧရိယာတွေ၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတကာ တင်ဒါလုပ်ငန်းစဉ်တွေကို လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက်လည်း ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်တဲ့ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းကို ဝန်ကြီးဌာနရဲ့ အကြံပေးအဖြစ် ခန့်အပ်ထားပြီးဖြစ်တယ်လို့ ဝန်ကြီး ဦးဟန်ဇော်က ပြောပါတယ်။ ဒီစီမံကိန်းကို ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ တရုတ်နဲ့ ပြင်သစ် အပါအဝင် တခြား နိုင်ငံခြားကုမ္ပဏီတွေကလည်း စိတ်ဝင်တစားရှိနေပြီး စီမံကိန်း စိတ်ဝင်စားမှုအတွက် ဖော်ပြတဲ့ အဆိုပြုလွှာတွေကို ဇွန်လ ၂၉ ရက်နေ့မှာ နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပါတယ်။ အောင်ကိုကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024