ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေသည့် ရုရှားတွင် လုံခြုံရေး တင်းကျပ်ထား

ဓာတ်ပုံ - ဘီဘီစီ
ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပနေတဲ့ ရုရှားနိုင်ငံတဝန်းက မြို့တော် မော်စကို အပါအဝင် မြို့တော်တော်များမှာ လုံခြုံရေးကို တင်းကျပ်ထားပါတယ်။ ရုရှားအစိုးရက ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်များစွာကို ဘောလုံးပွဲတွေ လက်ခံကျင်းပတဲ့ မြို့ကြီး ၁၁ မြို့မှာ ဖြန့်ကျက်ထားပါတယ်။ လုံခြုံရေးကို အားဖြည့်တဲ့အနေနဲ့ မြို့တော် မော်စကိုမှာ စစ်တပ်ကပါ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြင်သစ်မှာလုပ်တဲ့  ယူရို ၂၀၁၆ ပွဲတုန်းကလို ပရိသတ်အချင်းချင်း အုပ်စုလိုက် ရန်ဖြစ်တာကို ကာကွယ်ဖို့အတွက်လည်း ရုရှားအာဏာပိုင်တွေက ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် လုံခြုံရေးအဖွဲ့တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးရှိတဲ့ နေရာတွေ၊ ဘူတာရုံတွေ၊ ပရိသတ်တွေ စုဝေးတဲ့ နေရာတွေကို စောင့်ကြည့်တာ၊ လုံခြုံရေးယူပေးတာတွေ လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up