Home
မြန်မာသတင်း
အိမ်အကူဒေါ်ကရင်မ သေဆုံးမှုဖြင့် အိမ်ရှင်ကို လူသတ်​မှုဖြင့် တရားစွဲဆို
DVB
·
June 14, 2018
ရန်ကုန်တိုင်း၊ တွံ့​တေးမြို့နယ်​၊ အုတ်​ဖို​ကျေးရွာက အိမ်​အကူအမျိုးသမီး ဒေါ်ကရင်​မ ​သေဆုံးမှုနဲ့ ပတ်​သက်​ပြီး အိမ်​ရှင်​ဖြစ်​သူ ဥပ​ဒေအရာရှိ​ ဒေါ်သိင်္ဂီစုကို ဒီက​နေ့ ဇွန်​လ ၁၄ ရက်​​နေ့မှာ ​ တောင်​ပိုင်းခရိုင်​ တရားရုံးက လူသတ်​မှု ပုဒ်​မ ၃၀၂ နဲ့ တရားစွဲဆိုလိုက်​ပါတယ်​။ အိမ်အကူအမျိုးသမီး ​ဒေါ်ကရင်​မဟာ လှည်းကူးမြို့နယ်​မှာရှိတဲ့ တပ်​မ​တော်​အရာရှိရဲ့ ​နေအိမ်​မှာ အိမ်​အကူအဖြစ်​ ရှစ်လတာ​နေထိုင်​ပြီး ကျန်းမာ​ရေးမ​ကောင်းဘူးဆိုတဲ့  အ​ကြောင်းပြ ချက်​နဲ့ အိမ်​အကူဖြစ်​သူ​ဥပ​ဒေအရာရှိ ​ဒေါ်သိင်္ဂီစုက ရွာကိုပြန်​လည်​ပို့​ဆောင်​ခဲ့တာပါ။ ဒီလိုပြန်​ပို့ပြီးနာရီပိုင်းအတွင်းမှာပဲ ​ဒေါ်ကရင်​မဟာ သူညှဉ်းပန်းနှိပ်​စက်​ခံရ​ကြောင်း ရပ်​ရွာလူကြီး​တွေကို​ပြောပြပြီး ​သေဆုံးသွားခဲ့တာပါ။ ဒါ​ကြောင့် ကျေးရွာလူကြီး​တွေက တရားလိုပြုလုပ်​ပြီး အိမ်​ရှင်​ဖြစ်​သူ ​ဒေါ်သိင်္ဂီစုကို တရားစွဲဆိုလိုက်​တာဖြစ်ပါတယ်။ တရားစွဲဆိုခံထားရတဲ့ ​ဒေါ်သိင်္ဂီစုကို ရုံးထုတ်​တဲ့​နေရာမှာ ရဲအင်​အားအများပြားသုံးပြီး မျက်​နှာကို အထပ်​ထပ်​ကာကွယ်​ထားတာကို​ တွေ့ရပါတယ်​။ ဒီအမှုကို​တော့ ​ဒေါ်ကရင်​မဘက်​က ပြည်​​ထောင်​စုလွှတ်​​တော် ​အ​ထောက်​အကူပြုအဖွဲ့က လိုက်​ပါ​ဆောင်​ရွက်​​ပေး​နေပြီး သက်​ဆိုင်​ရာ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေကလည်း လိုက်​ပါ ကူညီ​ဆောင်​ရွက်​​ပေး​နေသလို မြန်​မာနိုင်​ငံအမျိုးသား လူ့အခွင့်အ​ရေး​ကော်​မရှင်​ကလည်း ​စောင့်ကြည့်မှု​တွေ ပြုလုပ်​​နေပါတယ်​။ ​နောက်​တပတ်​ရုံးချိန်းကို​တော့ ဇွန်​လ ၂၈ ရက်​ကို ထပ်​မံချိန်းဆိုထားပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024