ဝင်ငွေခွန်ရှောင်ခဲ့သည်ဟု သတင်းထွက်ပြီးနောက် စပိန်ယဉ်ကျေးမှုဝန်ကြီး ရာထူးကနုတ်ထွက်

ဓာတ်ပုံ - AFP
ပေးဆောင်ရမယ့် ဝင်ငွေခွန်ကို ရှောင်ရှားခဲ့တယ်လို့ သတင်းထွက်လာတာကြောင့် စပိန်ယဉ်ကျေးမှုဝန်ကြီး မက်ဆင်ဟွာတာ (Maxim Huerta) ဟာ ဇွန်လ ၁၃ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဟွာတာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ရုပ်သံသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်စဉ် အစိုးရကို ပေးဆောင်ရမယ့် ဝင်ငွေခွန်တွေကို မပေးဘဲ ရှောင်တိမ်းခဲ့တယ်လို့ စပိန်မီဒီယာတွေက သတင်းထုတ်ပြန်လိုက်တာပါ။ သက်တမ်းတပတ်သာရှိသေးတဲ့ လက်ရှိ စပိန်အစိုးရသစ်မှာ ဟွာတာကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဝန်ကြီးချုပ်သစ် ပက်ဒရိုဆန်းချက်ဇ်က အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဟွာတာကတော့ ၂၀၀၆ ကနေ ၂၀၀၈ ခုနှစ်အတွင်း သူပေးဆောင်ရမယ့် ဝင်ငွေခွန်ကို နောက်ကျကြေး ဒဏ်ငွေနဲ့အတူ ပေးဆောင်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒီ့အတွက် သူ့မှာ အပြစ်မရှိကြောင်း မြို့တော်မက်ဒရစ်မှာ ချက်ချင်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up