၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို ပူးတွဲ ၃ နိုင်ငံ ရွေးချယ်ခံရ

ဓာတ်ပုံ - Kirill KUDRYAVTSEV/AFP
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် အိမ်ရှင်နိုင်ငံအဖြစ် အမေရိကန်ဦးဆောင်တဲ့ ကနေဒါနဲ့ မက္ကဆီကိုတို့ကို ဖီဖာက ရွေးချယ်လိုက်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ပူးတွဲ ၃ နိုင်ငံဟာ ပြိုင်ဘက် မော်ရိုကိုနိုင်ငံကို ဖြတ်ကျော်ပြီး အိမ်ရှင်အဖြစ် ရွေးချယ်ခံရတာပါ။ အိမ်ရှင်အဖြစ် အမေရိကန်ဦးဆောင်တဲ့ ၃ နိုင်ငံက ဖီဖာအဖွဲ့ဝင်နိုင်ငံတွေကနေ ၁၃၄ မဲရပြီး မော်ရိုကိုက ၆၅ မဲပဲ ရခဲ့တာပါ။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သမိုင်းမှာ အကြီးဆုံးပြိုင်ပွဲ ဖြစ်လာဖို့ရှိနေသလို နိုင်ငံပေါင်း ၄၈ နိုင်ငံက အသင်းတွေ ယှဉ်ပြိုင်ခွင့်ရကာ ပွဲစဉ်ပေါင်း ၈၀ ကစားရမှာဖြစ်ပြီး ၃၄ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up