စပိန်နောက်ခံလူ ကာဗာဂျယ် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်

ဒဏ်ရာရထားတဲ့ စပိန်နောက်ခံလူ ဒါနီ ကာဗာဂျယ်ဟာ လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်ရေး အပြည့်အဝ ပြန်ဆင်းနိုင်ပြီ ဖြစ်ပါတယ်။ ညာနောက်တန်းကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကနေ လီဗာပူးကို အနိုင်ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တကောက်ကြောဒဏ်ရာ ရခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်တော့မယ်လို့ အစောပိုင်းမှာ ထင်ကြေးပေးခံခဲ့ရပါတယ်။ ဒါပေမယ့် အသက် ၂၆ နှစ်အရွယ် ရီးရဲလ်နောက်ခံလူ ကာဗာဂျယ်ဟာ လာမယ့်သောကြာနေ့ နာမည်ကြီး ပေါ်တူဂီနဲ့ အဖွင့်ပွဲစဉ်မှာတော့ ပါဝင်ကစားဖို့ မသေချာတဲ့ အနေအထားမှာ ရှိပါတယ်။ နာမည်ကြီး စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဘီ မှာ ဥရောပချန်ပီယံ ပေါ်တူဂီ၊ မော်ရိုကို၊ အီရန်တို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up