Home
မြန်မာသတင်း
ရေဘေးကြောင့် သေဆုံးသူ ၃ဦးရှိပြီး လူပေါင်း ၈၀၀၀ ခန့် ရေဘေးသင့်နေ
ရွှေအောင်
·
June 13, 2018
  ရေဘေးကြောင့် မကွေးတိုင်းမှာ လူ ၃ ဦး သေဆုံးခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာအရ ရေဘေးသင့်ပြည်သူ ၈၀၀၀ လောက် ရှိနေပြီလို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။ “မကွေးတိုင်း၊ ပွင့်ဖြူ၊ ရေပုတ်ကြီးရွာ အဲ့ဒီမှာ ချောင်းရေမှာ မျောပါသွားလို့ လူ ၁ ဦး သေတယ်။ မင်းဘူး၊ စကုမှာကျတော့ အမှတ် ၃ ရပ်ကွက်မှာ ကလေးငယ်လေး ၁ ဦးက နေအိမ်ပေါ်ကနေ ရေထဲပြုတ်ကျလို့ သေဆုံးတယ်။ နောက် မင်းလှမှာကျတော့ စစ်စမုတ် ကျေးရွာတဲ့၊ အဲ့ဒီမှာ လူ ၁ ဦး က ချောင်းရေဖြတ်ကူးလို့ မျောပါသေဆုံးတယ်”လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။ ဇွန် ၁၁ နဲ့ ၁၂ နှစ်ရက်အတွင်း မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ မိုးကြီးပြီး ရေကြီးလို့ လူနေအိမ်ခြေပျက်စီးတာ လမ်းတံတားတွေ ရေထဲ မျောပါ ပျက်စီးတာတွေလည်း ရှိပါတယ်။ မကွေးတိုင်းအတွင်းရှိ ပွင့်ဖြူ၊ စကု၊ မင်းလှ၊ သရက်၊ ကံမ စတဲ့ မြို့နယ်တွေမှာ ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး လူကယ်ပြန်ဝန်ကြီးဌာနက ဘေးဒုက္ခရောက်ခဲ့ သူတွေ ကို ချက်ခြင်းသွားရောက်ထောက်ပံ့နေတယ်လို့လည်း ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအလွန် ကောင်းနေပြီး တိုင်းနဲ့ပြည်နယ်အနှံ့မိုးရွာပြီး နေရာကွက်ပြီး မိုးကြီးမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။ မိုးကြောင့် ရုတ်တရက်ရေကြီးတာ မြေပြိုတာတွေဖြစ်ပွားနိုင်တယ်လို့လည်း မိုးလေ၀သ ဌာနက သတိပေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024