မြန်မာယူ-၁၉ အသင်း စင်ကာပူတွင် Albirex Niigata အသင်းနှင့် ပူးတွဲလေ့ကျင့်မည်

ဓာတ်ပုံ - MFF
အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၉ ဘောလုံးအသင်းဟာ စင်ကာပူနိုင်ငံကို သွားရောက်ပြီး Albirex Niigata အသင်းနဲ့ ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာ ယူ-၁၉ အသင်းဟာ ဇွန်လ ၁၆ ရက်နေ့ စင်ကာပူနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ဇွန် ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ Albirex Niigata အသင်းနဲ့ ပူးတွဲလေ့ကျင့်မှုတွေ  ပြုလုပ်ကြမှာပါ။ လာမယ့် ဇွန် ၂၀ ရက်နေ့မှာတော့ စင်ကာပူ ယူ-၂၃ အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့လည်း ရှိပါတယ်။ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ မြန်မာယူ-၁၉ အသင်းအတွက် အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ ရည်ရွယ်ပြီး မြန်မာယူ-၂၃(ခ) အသင်းအဖြစ် စင်ကာပူကို သွားရောက် ခြေစမ်းကစားစေတာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up