Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဖွင့်လှစ်မည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်
Aung Ko Latt
·
June 12, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့မှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို မန္တလေးမြို့ကနေ ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ မုံရွာမြို့ကို ဖြတ်သန်း သယ်ယူသွားပါတယ်။ တန့်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေက "အတုယူစရာတွေများတဲ့ ဗိုလ်ချုပ်ကို အများပြည်သူ လေ့လာမှတ်သားအတုယူစေဖို့၊ ဒီရုပ်တုမြင်တိုင်း သူ့ရဲ့ ဂုဏ်ကျေးဇူးကို အမှတ်ရ သတိရစေဖို့ ရည်ရွယ်ပြီး အားလုံးဝိုင်းဝန်း စုပေါင်း အကောင်အထည်ဖော်ခဲ့ကြတာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ၂၀၁၇ စက်တင်ဘာလကတည်းက စတင်ထုလုပ်ခဲ့တာဖြစ်ပြီး အခု ဇွန်လ ၆ ရက်က အပြီးသတ် ထုဆစ်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုဟာ ကြေးပိဿာချိန် ၁၆၀၀ ခန့်၊ အလျား ၁၄ ပေ၊ အမြင့် ၁၂ ပေရှိပြီး ကြေးရုပ်တန်ဖိုးက ငွေကျပ်သိန်းပေါင်း ၃၂၀ နဲ့ အောက်ခံခုံက ကျပ်သိန်း ၁၉၀ ရှိတယ်လို့ ဆိုပါတယ်။ ကြေးရုပ်တုကိုတော့ တန့်ဆည်မြို့ အဝိုင်းပတ်မှာ ထားရှိသွားမှာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန်လ ၁၉ ရက်နေ့မှာ မွေးနေ့ဂုဏ်ပြု အမှတ်တရအနေနဲ့  ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း ကြေးပိဿာချိန် ၅၀၀ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မတ်တတ်ရပ်ရုပ်တုတခုကို ရေဦးမြို့မှာ ဖွင့်လှစ်ခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024