Home
မြန်မာသတင်း
ထိုင်း-မြန်မာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန် ဆွေးနွေးပွဲကျင်းပမည်
သူဇာလင်း
·
June 12, 2018
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး Myanmar Insight 2018 ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်နေ့ ထိုင်းနိုင်ငံမှာ ပြုလုပ်သွားဖို့ရှိပါတယ်။ အဲဒီဆွေးနွေးပွဲက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနဲ့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့  ဒီကနေ့ ရန်ကုန်မြို့ ထိုင်းသံရုံးမှာ သတင်းစာရှင်းလင်း ပြောပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ မက်ခရို စီးပွားရေး အခြေအနေတွေအပြင် မြန်မာ့စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒအသစ် နည်းဥပဒေတွေအကြောင်း၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍတွေကို ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုအခြေအနေတွေအကြောင်း၊ မြန်မာပြည်မှာ ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ အောင်မြင်မှုတွေအကြောင်းအပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အရေးတွေအကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒေါ်လာ သန်းပေါင်း ၄၂၃ သန်းမြှုပ်နှံခဲ့ပြီး မြန်မာနိုင်ငံမှာ တတိယအများဆုံး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံ ဖြစ်ပါတယ်။  ဒါ့အပြင် အခုနှစ်ဟာ ထိုင်း- မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်နှစ်လည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024