Home
မြန်မာသတင်း
စစ်ကိုင်းလွှတ်တော်တွင် ပယ်မဲအမြဲပေးနေသူကို လွှတ်တော်ဥက္ကဋ္ဌသတိပေး
DVB
·
June 12, 2018
  စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တိုင်း ပယ်မဲအမြဲပါပါနေလို့ တိုင်း လွှတ်တော် ဥက္ကဋ္ဌက ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။ ဇွန်လ ၁၁ ရက် တိုင်းလွှတ်တော်မှာ သတိပေးခဲ့တာဖြစ်ပြီး ဒီလိုပယ်မဲအမြဲပါပါနေ တာဟာ တမင်လုပ်နေတာဖြစ်နိုင်တယ်လို့ ကနီမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ “မဲပြားစာရွက်ပေါ်မှာ မဲပေးတဲ့စနစ်ပေါ့။ ကန့်ကွက်မဲ၊ ထောက်ခံမဲ၊ ကြားနေမဲ အဲ့ဒီမှာ သူက ရွဲ့ပြီးတော့ သုံးခုစလုံး ခြစ်ထားတာ၊ သုံးခုစလုံးခြစ်ထားတော့ ဒါ ပယ်မဲဖြစ်သွားတာပေါ့။ ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်တယ် ထင်တာပဲ။ မနေ့ကတော့ ဥက္ကဋ္ဌက တော်တော် ပြင်းပြင်းထန်ထန်ပြောတယ်။ လွှတ်တော်ကို သိက္ခာကျအောင်လုပ်တယ် ဆိုပြီးတော့” တိုင်းလွှတ်တော်ထဲ မဲခွဲတဲ့အခါတိုင်း အလားတူပယ်မဲ တမဲ နှစ်မဲ သုံးမဲ ပါနေကျဖြစ်ပြီး လွှတ်တော်အမတ်ဘယ်သူဘယ်ဝါက  ခုလို ပဲမဲဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုတာကိုတော့ မသိရသးပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရဲ့ ဒုတိယအကြိမ် သက်တမ်း ၂ နှစ်ကျော်ကာလ အတွင်း အရေးပေါ်အထူး အစည်းအဝေးအပါအ၀င် လွှတ်တော် ၁၈ကြိမ်လောက် ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီလွှတ်တော်တွေကျင်းပလို့ မဲခွဲဆုံးဖြတ်ရတဲ့အကြိမ်တိုင်း ပယ်မဲတွေ ပါပါနေတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းလွှတ်တော်မှာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ် ၆၈ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ၅ ဦး၊ ရှမ်းနီပါတီကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ဦး ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024