အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို မဟာသီယာ ကြိုဆို

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ထိပ်သီးဆွေနွေးပွဲကို မလေးရှားဝန်ကြီးချုပ် မဟာသီယာက ကြိုဆိုလိုက်သလို အင်အားကြီး တရုတ်နဲ့လည်း ဆက်ဆံသွားရမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲမှာ တကျော့ပြန် မလေးရှားဝန်ကြီးချုပ် မဟာသီယာက အဲဒီလို ပြောကြားသွားတာပါ။ မဟာသီယာရဲ့ ဂျပန်ခရီးစဉ်ဟာ သူ ဝန်ကြီးချုပ်ဖြစ်လာအပြီး ပထမဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဂျပန်ခရီးစဉ်နဲ့ပတ်သက်ပြီး မယာသီယာဟာ တရုတ်ကို ဖယ်ခွာဖို့ ကြိုးစားတာဖြစ်တယ်လို့လည်း ရှုမြင်ခံထားရတာ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာက “တချို့လူတွေက မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ သဘောထားဟာ တကယ့်အစစ်အမှန် မဟုတ်ဘူးလို့ ထင်မြင်ကြသလို သူ့ရဲ့သဘောထား အကြီးအကျယ် ပြောင်းလဲသွားတဲ့ အပေါ်မှာလည်း သံသယဖြစ်ကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ သဘောထား အကြီးအကျယ် ပြောင်းတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ ဒါဟာ တဖက်နဲ့တဖက် ထိတွေ့ဆက်ဆံဖို့ အခွင့်အလမ်းတခုပါ။ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေထဲမှာ ရှိနေကြတဲ့သူတွေရဲ့ ထိတွေ့ဆက်ဆံမှု အကုန်လုံးကို ကျနော်တို့အားလုံး ကြိုဆိုသင့်ပါတယ်။ “ကျနော်တို့အမြင်ကတော့ တရုတ်က ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ နိုင်ငံကြီးတခုပါ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တရုတ်ဟာ အလွန်အင်အားကြီးတဲ့ နိုင်ငံပါ။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရုတ်နဲ့ ဆက်ဆံနေရမှာပါ။ ကျနော်တို့ရဲ့ မူဝါဒကတော့ တရုတ်နဲ့ မိတ်ဆွေအဖြစ် ဆက်လက်ရှိနေဖို့ပါပဲ” လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up