Live
Home
မြန်မာသတင်း
ရှစ်လေးလုံးပြတိုက်အတွက် မြေနေရာ သတ်မှတ်မည်
DVB
·
June 11, 2018
  လာမယ့်သြဂုတ်လမှာကျရောက်မယ့်  သမိုင်းဝင် ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားနေ့မှာ  ရှစ်လေးလုံးပြတိုက်အတွက် မြေနေရာ သတ်မှတ်သွားဖို့ရှိနေပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်မှာ ပြတိုက်မှာ ထားရှိမယ့် သမိုင်းဝင်မှတ်တမ်း မှတ်ရာတွေကို ပြခန်း အဖြစ်ထားရှိဖို့လည်း စီစဉ်ထားပါတယ်။ ပြတိုက်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အဆင့်အတန်းမီဖြစ်လာစေဖို့အတွက် နိုင်ငံတကာက ဗိသုကာပညာရှင်တွေကိုပါ ဖိတ်ခေါ်ထားပြီး၊ အခင်းအကျင်း ပုံစံတွေကိုပါ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ရှစ်လေးလုံး နှစ် ၃၀ ပြည့်မှာ နိုင်ငံနဲ့ ပြည်သူကို ပြန်လည်အစီရင်ခံနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပါဝင်မယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်  ဦးမင်းကိုနိုင်က ဇွန် ၁၀ ရက်က ပြုလုပ်တဲ့ ရှစ်လေးလုံးနှစ် ၃၀ ပြည့်အကြို ညှိနှိုင်းအစည်းဝေးမှာ ပြောပါတယ်။ ဒါ့အပြင် နှစ်၃၀ ပြည့်မှာ ပြခန်းအသေးတွေ အနေနဲ့ စတင်သွားဖို့ရှိတယ်၊ အဲ့ဒီပြခန်းမှာ နည်းပညာ မဖွံ့ဖြိုးသေးခင် အချိန်တုန်းက ဘယ်လို ဆက်သွယ်လုပ်ဆောင်ပြီး ပြည်သူလူထုကို ဘယ်လိုတွေ လှုံ့ဆော်ခဲ့ကြတယ်ဆိုတာကို အဓိကထား ပြသသွားမယ်လို့ ဆိုပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024