Home
မြန်မာသတင်း
တားမြစ်မှုကြားက ကေအန်ပီပီဦးဆောင်သည့် ဆယ်တောရိုကျောင်းဖွင့်လှစ်
DVB
·
June 11, 2018
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ) ဦးစီးတဲ့  ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးကျောင်းကို ပြည်နယ်အစိုးရဘက်က တားမြစ်တဲ့ကြားက ဖရူဆိုမြို့နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ ကေအန်ပီပီကဦးစီးပြီး ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူ ကျေးရွာမှာ တည်ဆောက်ထားတဲ့ ဆယ်တောရို လူငယ်ဖွံ့ဖြို့ရေးကျောင်းကို ဇွန်လ ၉ ရက်က ဖွင့်လှစ်လိုက်တာပါ။ အဆိုပါ ဖံွ့ဖြိုးရေးကျောင်းမှာ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ သဘာဝစိုက်ပျိုးနည်း၊ အားကစားနဲ့ တခြားအသက်မွေးဝမ်းကြောင်းပညာတွေသင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၁၀၀ လောက် တက်ရောက်မှာဖြစ်ပါတယ်။ ဒီကျောင်းဖွင့်လှစ်တဲ့အပါ် ကေအန်ပီပီ ဖွံ့ဖြိုးရေးကော်မီတီ ဒုတာဝန်ခံ ဦးထူးချစ်က   “ဆယ်တောရိုကျောင်းဖွင့်နိုင်ဖို့ ကျနော်တို့ ဝိုင်းကြိုးစားခဲ့ကြပါတယ်။ အခက်အခဲတွေကတော့ အများကြီးပါဘဲ။ ဘယ်လောက်ပဲ အခက်အခဲတွေရှိနေပါစေ၊ ပြည်နယ်ရဲ့ အဓိကလိုအပ်ချက် တစ်ခုဖြစ်တယ်လို့ ယုံကြည်လို့ မဖြစ်ဖြစ်အောင်၊ မရ၊ရအောင်ဖွင့်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ လိုအပ်မယ်ထင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး  စနစ်တကျ ဆောင်ရွက်သွားမှာပါ”လို့ လူမှုကွန်ရက်မှာပြောပါတယ်။ ဒါ့အပြင် ကေအန်ပီပီရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို၊ နည်းမျိုးစုံနဲ့ ပိတ်ပင်တားဆီး ဟန့်တားမှုတွေဟာ၊ ဒေသတွင်းတည်ငြိမ်အေးချမ်းကို ထိခိုက်စေပြီး အန်စီအေနဲ့ ဝေးသွားမယ်လို့ လည်းဆိုပါတယ်။ ကေအန်ပီပီအနေနဲ့ ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးပြီးနောက်ပိုင်း ခုလို ဖွံ့ဖြိုးကျောင်းကို ကယားပြည်နယ်မှာ စတင် အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024