Home
မြန်မာသတင်း
ရိုက်တာသတင်းထောက်ကို အောင်သပြေစစ်ကြောရေး၌ စစ်ဆေးခဲ့ခြင်းမရှိဟု စခန်းမှူးထွက်ဆို
DVB
·
June 11, 2018
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်း ထောက်တွေကို ဖမ်းဆီးပြီး ပြီးခြင်း အောင်သပြေစစ်ကြောရေးစခန်းထဲမှာ စစ်ဆေးခဲ့တာ မရှိဘူးလို့ ထောက်ကြံ့နယ်မြေရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်လွင်က ဒီကနေ့ တရားရုံးမှာ ထွက်ဆိုပါတယ်။ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ရိုက်တာသတင်းတွေကို အောင်သပြေစစ်ကြောရေးစခန်းထဲမှာ စစ်ဆေးခဲ့ပါသလားဆိုတဲ့ မေးခွန်းတွေ ၁၀ ခုထက်မနည်း တရားခွင်ထဲမှာ မေးမြန်းစစ်ဆေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အောင်သပြေစစ်ကြောရေးစခန်းကို ပို့ဆောင်ခြင်းမပြုဘဲ ထောက်ကြံ့ ရဲစခန်းထဲမှာပဲ ထိမ်းသိမ်းပြီး စစ်ဆေးခဲ့တယ်လို့ ဒီကနေ့ တရားလိုပြသက်သေအဖြစ် တရားရုံးမှာ လာရောက်ထွက်ဆိုတဲ့ ထောက်ကြံ့နယ်မြေရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်လွင်က ပြန်လှန် ငြင်းဆိုလိုက်တာပါ။ ထောက်ကြံ့မြို့နယ် စခန်းမှူး ဒုရဲမှူးမြင့်လွင်က “ရိုက်တာသတင်းထောက်တွေကို ထောက်ကြံ့နယ်မြေရဲစခန်းမှာပဲ ဖမ်းဆီးထားပြီး စစ်ဆေးခဲ့တာဖြစ်တယ်။ အောင်သပြေစစ်ကြော ရေးစခန်းထဲမှာ လုံးဝစစ်ဆေးခဲ့တာမဟုတ်ဘူး”လို့  တရားရုံးမှာ ထွက်ဆိုသွားခဲ့ပါတယ်။ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေထဲက ရခိုင်အခြေစိုက် ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးက "သူ့ကို အောင်သပြေစစ်ကြော ရေးစခန်းထဲမှာ ၃ နာရီကြာ ဒူးထောက် စစ်ဆေးခဲ့ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်လုံးကို ၃ ရက်အကြာ မအိပ်မနေ အောင်သပြေစစ်ကြောရေးစခန်းထဲမှာပဲ စစ်ဆေးခဲ့တယ်”လို့ ဒီနေ့ရုံးထုတ်အပြီးမှာ ပြောဆိုသွားပါတယ်။ ရိုက်တာသတင်းထောက် ကိုဝလုံးကတော့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ထောက်ကြံ့နယ်မြေ ရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်လွင် ထွက်ဆိုသွားခဲ့တာတွေဟာ လိမ်လည်မှုတွေချည်းဖြစ်တယ်လို့ မီဒီယာတွေကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024