ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 11, 2018
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်း ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၇,၅၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃,၄၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲစင်းငုံနီ အဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၇,၄၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၅၀ ကျပ် ဈေးတက်သွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်းက တအိတ်ကို ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၄၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ V2
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲ V2 ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၆၃,၈၀၀ ကနေ ငွေကျပ် ၆၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၆၄,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စွန်တာပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ စွန်တာပဲက ၅၈.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၇၅,၇၀၀ ကနေ ၇၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စွန်တာပဲ(ရိုးရိုး)က တအိတ်ကို ၆၀,၀၀၀ ကနေ ငွေကျပ် ၆၁,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁၇,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စီပီပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၃၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၂,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၁,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပန်းနှမ်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပန်းနှမ်းက ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၅၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA