ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြု ‘အေးချမ်းပါစေ အမေ’ တေးသီချင်း (ရုပ်သံ)
DVB
·
June 11, 2018
ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၃ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ‘အေးချမ်းပါစေ အမေ’ လို့ အမည်ပေးထားတဲ့ မွေးနေ့ ဂုဏ်ပြုသီချင်းတပုဒ် အွန်လိုင်းမှာ ဖြန့်ချိထားပါတယ်။
ဒီသီချင်းကိုတေးရေး ညီနိုင်း (Melody Workd) က ရေးစပ်ပြီး စုရတနာအောင်နဲ့ ဇာဇာတို့က သီဆိုထားပါတယ်။ ဒီသီချင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ ‘ဒါမှ ငါ့သမီး’ ကဗျာစာသားတွေကိုလည်း ထည့်သွင်းရေးဖွဲ့ သီဆိုထားပါတယ်။
ရုပ်သံ- Oak Thon ဖေ့စ်ဘွတ်ခ်