ကင်ဆာဝေဒနာရှင်များကို လှူဒါန်းရန် အမျိုးသမီး ၂၅၀၀ ကျော် ၀တ်လစ်စလစ် ဂင်းနစ်စံချိန်သစ်တင်ရန် ကြိုးပမ်း

အိုင်ယာလန်က မက်ဟာရာမိုရေး ကမ်းခြေမှာ ပရဟိတရန်ပုံငွေအတွက် အမျိုးသမီး ၂၅၀၀ ကျော်ဟာ ၀တ်လစ်စလစ် ဂင်းနစ်စံချိန်သစ်တင်ဖို့ ကြိုးစားနေကြတယ်လို့ ဇွန် ၉ ရက်နေ့ Daily Mail ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ နောက်ဆုံး ၀တ်လစ်စလစ်ဂင်းနစ်စံချိန်ကတော့ ၂၀၁၅ ခုနှစ်က သြစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ အမျိုးသမီး ၇၈၆ ဦးက ၀တ်လစ်စလစ်နေပြခဲ့တာဖြစ်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေကိုတော့ ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို ထောက်ပံ့ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့အစည်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ အခုလို ၀တ်လစ်စလစ်ဂင်းနစ်စံချိန်တင်ဖို့ ကြိုးစားနေတဲ့ အိုင်ရစ် အမျိုးသမီး နှစ်ထောင့်ငါးရာကျော်ထဲမှာ အသက်အရွယ်အပိုင်းအခြားပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်။ ကောင်းမြတ်ထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up