တရုတ်- မွန်ဂိုလီးယား-ရုရှား သုံးနိုင်ငံဆက်ဆံရေး ခိုင်မာအောင်လုပ်ရန် ကတိပြု

တရုတ်၊ ရုရှားနဲ့ မွန်ဂိုလီးယား သမ္မတတို့ဟာ သုံးနိုင်ငံဆက်ဆံရေး ခိုင်မာအောင်လုပ်သွားဖို့ ချင်းတောင်မြို့မှာ ဇွန်လ ၁၀ ရက်နေ့က တွေ့ဆုံချိန် ကတိပြုခဲ့ကြပါတယ်။ သုံးနိုင်ငံ သမ္မတတွေရဲ့ လေးကြိမ်မြောက်တွေ့ဆုံပွဲကို တရုတ်သမ္မတ ရှီကျင့်ပင်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မွန်ဂိုလီးယားသမ္မတ ခါတယ်မာဘတ်တာဂါတို့ တက်ရောက်ခဲ့ပါတယ်။ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နောက်တqင့်အနေနဲ့ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေး၊ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန် ထောက်ခံမှုတိုးမြှင့်ရေး၊ တနိုင်ငံရဲ့ အကျိုးစီးပွားကို တနိုင်ငံ လေးစားရေး၊ ဒေသတွင်းနဲ့နိုင်ငံတကာရေးရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ သမ္မတရှီကပြောပါတယ်။ ဒါ့ပြင် တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံတည်ဆောက်ရေး အားထုတ်သွားဖို့ ရုရှားနဲ့မွန်ဂိုလီးယားသမ္မတတို့ကို သမ္မတရှီက တိုက်တွန်းပါတယ်။ ရုရှားနိုင်ငံဟာ ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံ၊ အကောက်ခွန်နဲ့ ခရီးသွားကဏ္ဍတွေမှာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ ကုန်သွယ်မှုတိုးမြှင့်ရေး အားပေးဖို့ သဘောတူတယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။ မွန်ဂိုလီးယားနိုင်ငံဟာ အခြေခံအဆောက်အအုံနဲ့ စွမ်းအင်ပို့ဆောင်ရေး ကဏ္ဍတွေအပြင် တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံဆာက်လုပ်ရေးကို တတ်နိုင်သမျှ စောစောလုပ်သွားဖို့ အသင့်ရှိနေတယ်လို့ သမ္မတ ဘတ်တာဂါက ပြောခဲ့ပါတယ်။ သမ္မတ ပူတင်နဲ့ သမ္မတ ဘတ်တာဂါတို့ဟာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲအတွက် ချင်းတောင်မြို့ကို ရောက်ရှိနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up