Home
မြန်မာသတင်း
မောင်တောတွင် ငွေကျပ်သိန်း ၁,၉၅၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
June 10, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ငွေကျပ်သိန်း ၁,၉၅၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဇွန် ၈ ရက်နေ့ မွန်းလွဲပိုင်းက မေယု (၂) စစ်ဆင်ရေးအရ သရက်အုပ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ ဒါးကြီးစား (တောင်) ရွာ၊ ပုစွန်ကန်အနီးရှိ လူမနေတဲအတွင်း ရှာဖွရာမှာ မာမက်တာလောင်(ခ)မာမတ်တာလိင်နဲ့အတူ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တာပါ။ တဲအတွင်း ဆာလာအိတ်အတွင်းမှ ငွေကျပ် ၁၉၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၇,၅၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။ မာမက်တာလောင်(ခ) မာမတ်တာလိင် (၃၇) နှစ်အား မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024