Home
မြန်မာသတင်း
တိုက်ကြီးလွှတ်တော်ကိုယ်စားလှယ်က ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်နှစ်ဦးကို ၆၆ (ဃ) ဖြင့် တရားစွဲ
DVB
·
June 9, 2018
ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် ၂ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲထားတယ်လို့ တိုက်ကြီးမြို့မ ရဲစခန်းက သိရပါတယ်။ ဖေ့စ်ဘွတ်ခ်အကောင့် Myo Min Min နဲ့ ဘရန်စိုင်း အကောင့်ပိုင်ရှင် ၂ ဦးလုံးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ဇွန် ၃ ရက်နေ့က တိုက်ကြီးမြို့မရဲစခန်းမှာ တရားစွဲထားတာဖြစ်ပြီး အာမခံပေးထားတယ်လို့ သိရပါတယ်။ Myo Min Min အကောင့် ပိုင်ရှင် ကိုမျိုးမင်းသူက “မေလ ၂၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးတဲ့အဆိုကို ပြန်ကူးပြီးဖော်ပြခဲ့တာပါ။ ဘရန်စိုင်းအကောင့်က Commet မှာ "ချိန်းဘဒီး၊ ကိုယ့်မြို့သားတွေ တိုးဂိတ်ကြေးခံနေရတာကို အဆိုမတင်ဘဲ ဘာဦးနှောက်နဲ့ အုတ်လုပ်ငန်းကို ထည့်ပြောရတာလဲ၊ ခင်ဗျားအထက်လူကြီးတွေက ဒီမြို့က အုတ်လုပ်ငန်းတွေကြောင့် ဆောက်လုပ်ရေးအတွက် အဆင်ပြေနေတာကို သိတယ်လို့ ဝင်ရေးတယ်။ အကိုလည်း အောက်မှာပြန်ရေးတာက တိုက်ကြီးသားတွေ အမြင်ကပ်နေလား မသိပါဘူးကွာ၊ မျှတရင်တော့ မကပ်လောက်ပါဘူး၊ သူဘေးနားက သစ်မှောင်ခိုသမားတွေကို မသိသလိုနေပေးတယ်လို့ သတင်းပေးတာတွေလည်းရှိတယ်၊ မျှတဖို့ပဲလိုတာပါ၊ အုတ်လုပ်ငန်းရှင်တိုက်ကြီးသားတွေက ဂျပလွတ် အဆင့်ပဲရှိတယ်။ တရုတ်အုတ်လုပ် ငန်းရှင်(ပြည်မကြီး) တွေကို ဘယ်လိုလုပ်နိုင်မလဲ စောင့်ကြည့်ရမှာပါလို့ ရေးထားတာကို စွဲတာလို့သိရတယ်။ ခုချိန်မှာတော့ ဘာမှာမပြောချင်သေးဘူး။ အငြိမ်းချမ်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားနေကြပါတယ်။ ပုဂ္ဂိုလ်ရေး မုန်းတီးမူမရှိဘူး၊ ရည်ရွယ်ချက်အတူတူလျှောက်နေတာချင်း အတူတူကို အခုလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး” လို့ ပြောပါတယ်။ တိုက်ကြီးမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်ရာမှာ "စခန်းမှာ တိုင်ချက်ဖွင့်ထားတဲ့အတိုင်းဖြစ်ပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ သတင်း မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024