ဘရာဇီးလ်အသင်း ချန်ပီယံဖြစ်ရေး အသင်းလိုက်စုဖွဲ့မှုကောင်းရန်လိုဟု ပီလီပြော

ဘရာဇီးလ်အသင်းဟာ အသင်းလိုက်စုဖွဲ့မှု မကောင်းသေးတာကြောင့် ချန်ပီယံ ဖြစ်နိုင်ရေးမှာ စိုးရိမ်မှုရှိကြောင်း ဘရာဇီးလ်ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမား ပီလီက ပြောပါတယ်။ တဦးချင်းစီမှာ အရည်အသွေးတွေရှိနေပေမယ့် အသင်းလိုက်စုဖွဲ့မှုက မကောင်းသေးဘူးလို့ ကမ္ဘာ့ဖလားကစားဖို့ ရက်အနည်းငယ်ပဲ လိုတော့တဲ့အချိန်မှာ ပီလီက ပြောကြားလိုက်တာပါ။ ဘရာဇီးလ်အသင်းဟာ လာမယ့် ၁၇ ရက်နေ့မှာ ဆွစ်ဇာလန်အသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ၁၈ ပွဲကစားရာမှာ ၁၂ ပွဲနိုင်၊ ၅ ပွဲသရေနဲ့ တစ်ပွဲသာရှုံးထားပြီး သွင်းဂိုး ၄၁ ဂိုး  ပေးဂိုး ၁၁ ဂိုး နဲ့  ရလဒ်ကောင်းတွေတော့ရှိပါတယ်။ ဘရာဇီးလ်ရဲ့အဓိကစားသမား နေမာလည်း ဒဏ်ရာရနေရာကနေ ပြန်ကောင်းလာပြီး ကစားနိုင်နေပြီဖြစ်ပါတယ်။ နေမာဟာ အတွေ့အကြုံပိုရှိလာနေပေမယ့် သူတယောက်တည်းနဲ့ ကမ္ဘာဖလားကို ယူလို့မရနိုင်ဘဲ အသင်းလိုက်ကောင်းမှ ဖြစ်မယ်လို့လည်း ပီလီကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up