Home
မြန်မာသတင်း
တရားဥပ​ဒေစိုးမိုး​ရေးအတွက်​ ရဲဝံ့စွာ​ဖော်ထုတ်ခဲ့သည့် ရဲဝန်ထမ်းများကို ဂုဏ်ပြု
DVB
·
June 9, 2018
ကျောက်​ဆည်​မြို့နယ်​အတွင်းမှာ ဖြစ်​​ပေါ်ခဲ့တဲ့ ဥပ​ဒေမဲ့လုပ်​ရပ်​​တွေအ​ပေါ်မှာ တရားဥပ​ဒေစိုးမိုး​ရေးအတွက်​ ရဲဝံ့စွာ​ဖော်​ထုတ်​ခဲ့တဲ့ တာဝန်​သိပြည်​သူ့ ရဲဝန်​ထမ်း​တွေအား ဂုဏ်ပြုတဲ့အခမ်းအနားကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ မန္တ​လေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့၊ အရပ်​ဖက်​အဖွဲ့အစည်းတွေနဲ့ မြို့​နေလူထုတို့ ပူ​​ပေါင်းပြီး ရဲဝန်ထမ်းတွေကို ဇွန် ၉ ရက်​​နေ့ မနက် ​၈ နာရီက ​ကျောက်​ဆည်​မြို့ ​ဝေဇယန္တာ ခန်းမမှာ အခမ်းအနားနဲ့ ဂုဏ်ပြုခဲ့တာပါ။ အဲဒီအခမ်းအနားမှာ မန္တ​လေးတိုင်း​ဒေသကြီး​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်မောင်​ နဲ့ ၈၈ မျိုးဆက်​ ငြိမ်းချမ်း​ရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်​နဲ့အဖွဲ့တို့ တက်​​ရောက်​ခဲ့ကြပြီး ဂုဏ်​ပြုဆု​တွေ​ ပေးအပ်​ချီးမြှင့်ခဲ့ပါတယ်​။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ညက ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းရွာ​မှာ ဖမ်းဆီးမိတဲ့ သစ်တွေနဲ့အတူတရားခံကို အမှုဖွင့်ဖို့ ​ စီစဉ်​​နေတုန်းမှာတရားခံ နှစ်ေ​​ယာက်ကို လွှတ်​​ပေးလိုက်​ပြီး ပိုင်ရှင်မဲ့အဖြစ် မမှန်မကန်အမှုဖွင့်ခဲ့တဲ့ တာဝန်​ရှိစခန်းမှူးနဲ့ နယ်​ထိန်း​ခေါင်း​ဆောင်​တို့ကို အ​ရေးယူ​ပေးဖို့​ ရဲတပ်သား ၅ ယောက်က ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024