Home
မြန်မာသတင်း
မြန်​​အောင်​တွင် ဆင်​စွယ်​အပါအဝင် ​တောရိုင်းတိရစ္ဆာန်​ အစိတ်အပိုင်းများ ဖမ်းမိ
DVB
·
June 8, 2018
ဧရာဝတီတိုင်း​၊ မြန်​​အောင်​​မြို့နယ်၊ ဘန့်​​ဘွေးကုန်း​ကျေးရွာမှာ ​ဆင်​စွယ်​တခုအပါအဝင်​ ​တောရိုင်းတိရစ္ဆာန်​ရဲ့ ချိုတွေ၊ အရိုးစု​တွေ၊ သ​ရေ​တွေကို ​ဇွန်​ ၇ ရက်​​ ည​နေက ဖမ်းဆီးရမိခဲ့တယ်လို့ အင်ပင်နယ်မြေ စခန်းမှူးက ပြောပါတယ်။ ဧရာဝတီတိုင်း​ရဲတပ်​ဖွဲ့မှူးရုံး၊ မှုခင်းအကူ​ဌာနစု ဟသာင်္တခရိုင်​မှုခင်း အကူဌာနစိတ်​ သစ်​​တောရဲ၊ သစ်​​တောဦး​ဌာနနဲ့​ ကျေးရွာအုပ်​ချုပ်​​ရေးမှူးတို့က ပူ​ပေါင်းဖမ်းဆီးရှာ​ဖွေခဲ့ကြတာပါ။ အင်​ပင်​နယ်​​မြေ ရဲတပ်​ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်​ဟန်​​ဇော်​ထွန်းက“သတင်းအရ ဘန့်​​ဘွေးကုန်း​ကျေးရွာထဲက ဦးသိန်း​ဇော် ​(ခ) ဦး​ကျော်​​ရွှေ​ နေအိမ်​ကို ဝင်​​ရောက်​ရှာ​ဖွေ့တယ်​ဗျ။ နေအိမ်​မီးဖို​ဆောင်​ရဲ့ ထပ်​ခို​ပေါ်မှာ ခုပစ္စည်း​တွေကို ဖမ်းဆီးရမိတာပါ။ ခုဆက်​စပ်​ရဲလုပ်​ငန်း​တွေ လုပ်​ကိုင်​​နေပါတယ်​” လို့ ​ပြောပါတယ်​။ ဖမ်းဆီးရမိတာ​တွေက​တော့ ဆင်​စွယ်​တစုံ အရှည်​ ၁၈ လက်​မ၊ လုံးပတ်​ ၆ လက်​မ၊ အ​လေးချိန်​ ၈၈ ကျပ်​သား၊ ကာလတန်းဖိုးခန့်​မှန်း ၂၅ သိန်းလောက်နဲ့ ​ပြောင်​​ခေါင်းချိုစုံပါ ၃၆​ ခေါင်း၊ စိုင်​​ခေါင်းချိုစုံပါ ၃ ​ခေါင်း၊ ဆတ်​​ခေါင်းချိုစုံပါ ၇ ​ခေါင်း၊ သမင်​​ခေါင်းချိုစုံ ၁​ ခေါင်း၊ ​ကျားဝက်​အရိုးစုံ ၂ စုံ​၊ တောင်​ဆိတ်​ချိုစုံပါ ၂​ ခေါင်း၊ ဝံ​ခေါင်း ၂ ​ခေါင်း၊ ဝက်​ဝံသား​ရေ ၁ ချပ်​၊ ​ပြောင်​သည်း​ခြေ ၂ ခု၊ ​ပြောင်​ချို ၆​ ချောင်း၊ ကျားဝက်​သား​ရေ ၁ ချပ်​၊ ဖြူအသားအိမ် ​၁ ခု​၊ တောင်​ဆိတ်​ခွာ ၃ ခု၊ ဒိုင်းပုံစံ ကျွန်းပြား အလျား ၁​ ပေခွဲ၊ အနံ ၁​ ပေ၊ ထု ၁ လက်​မ ၃၂ ချပ်​တို့ ဖြစ်ပါတယ်။ အင်​ပင်​ဘိနယ်​သစ်​​တောဌာန ​တောအုပ် ​ဦး​အောင်​ခိုင်​က "ကျ​နော်​တို့က ခုပစ္စည်း​တွေကို အင်​ပင်​ရဲစခန်းမှာ အပ်​ထားတယ်​။ ခုကျ​နော်​တို့ သစ်​​တောဘက်​ကလည်း ဆက်​စပ်​လုပ်​ငန်း​တွေ လုပ်​ကိုင်​​နေတယ်၊ ​ပစ္စည်း​တွေ ကာလတန်းဖိုးက​တော့​ မေးမြန်းစုံစမ်းရဦးမယ်။ ​အတိအကျ​တော့ မသိရ​သေးဘူး​” လို့ ပြောပါတယ်​။ ခုဖြစ်​စဉ်​ကို တိုင်းရဲတပ်​ဖွဲ့မှူးရုံး မှုခင်း အကူဌာနစိတ်​က ရဲအုပ်​​နေဝင်း​အောင်​က တရားလိုလုပ်​ပြီး အင်​ပင်​ရဲတပ်​ဖွဲ့စခန်းက ဦးသိန်း​ဇော်​(ခ)ဦး​ကျော်​​ရွှေကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်း​ရေး နယ်​​မြေများ ကာကွယ်​​စောင့်ရှောက်​ခြင်းဆိုင်​ရာ ဥပ​ဒေပုဒ်​မ ၄၀(က) နဲ့ အမှုဖွင့်အ​ရေးယူ​ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024