တာမွေအ၀ိုင်းထိပ်တွင် ဆန္ဒပြခဲ့သူများကို တရားရုံးထုတ်
ရန်နိုင်ဇော်ဝင်း
·
June 8, 2018
ငြိမ်းချမ်းအတွက် ရန်ကုန်မြို့ တာမွေအဝိုင်းထိပ်မှာ တောင်းဆိုလှုပ်ရှားမှုပြုလုပ်လို့ ငြိမ်းစုစီ ဥပဒေ ပုဒ်မ၂၀နဲ့ တရားစွဲခံထားရသူတွေကို ဒီနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။
ဒါပေမယ့် တရားစွဲခံထားရသူတွေ မစုံတဲ့အတွက် အမှုကို မစစ်ဆေးဘဲ ဇွန် ၁၄ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
ငြိမ်းချမ်းရေးလှုပ်ရှားသူတွေဖြစ်တဲ့ ကိုမြတ်ကျော်၊ ကိုဇေယျာလွင်၊ ကိုဖိုးစိုး၊ ကိုရဲထွဋ်လွင်၊ ကိုတင်ထွဋ်ပိုင်၊ ကိုပြည့်ဖြိုး၊ မခင်စန္ဒာနဲ့ မထားထားနွယ်တို့ကို ဆန္ဒပြပွဲအပြီးမှာ ဗဟန်းရဲစခန်းက ၂၄ နာရီ ထိန်းသိမ်းခဲ့ပြီး အာမခံနဲ့ပြန်လွှတ်ပေးခဲ့တာပါ။
မေလ ၁၂ ရက် တာမွေအ၀ိုင်းထိပ်ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အရပ်ဝတ်လူပုဂ္ဂိုလ်တွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။