Live
Home
မြန်မာသတင်း
တရားဥပ​ဒေအတိုင်း ဆက်​လက်လုပ်မည်ဟု မော်​ဒယ်​စူးရှထက်​ပြော
DVB
·
June 8, 2018
အဆို​တော်​ အစ္စဏီကို မုဒိမ်းမှု၊  ပြင်းထန်​စွာနာကျင်​​စေမှုတို့နဲ့ တရားစွဲဆိုထားတဲ့အ​ပေါ် တရားဥပ​ဒေကြောင်းအရ​ ဆက်​ပြီးလုပ်​​ဆောင်​သွားမယ်​လို့ မော်​ဒယ်​စူးရှထက်​က ​ပြောပါတယ်​။ ဒီအမှုကို တာ​မွေမြို့နယ်​တရားရုံးမှာ ဒီက​နေ့ ငါးကြိမ်​​မြောက်​ရုံးထုတ်​ခဲ့ပြီး တရားလို ​မော်​ဒယ်​စူးရှထက်​ကို ထပ်​မံစစ်​​ဆေးခဲ့ပါတယ်​။ ဒီ​နေ့ရုံးချိန်းမှာ​တော့ အဆို​တော်​အစ္စဏီက ​ရှေ့​နေ့​ပါဝါတ​ယောက်​ထပ်​​ပြောင်းခဲ့ပြီး ​ရှေ့​နေ​ပြောင်းရတဲ့ အ​ကြောင်းရင်းကို​တော့ မ​ပြောခဲ့ပါဘူး။ မော်​ဒယ်​စူးရှထက်​အား အဓမ္မပြုကျင့် နှိပ်စက်ခဲ့မှုနဲ့  အဆို​တော် အစ္စဏီကို​ ပုဒ်​မသုံးခုနဲ့ တရားစွဲဆိုထားတာပါ။ ပြီးခဲ့တဲ့ ရုံးချိန်းမှာတုန်းက​တော့ ​မော်​ဒယ်​စူးရှထက်​ရဲ့ ထွက်​ဆိုချက်​​တွေအ​ပေါ် လိမ်​​နေတာ​ပျော်ရဲ့လားဆိုပြီး အဆို​တော်​ အစ္စဏီက မီဒီယာ​တွေကတဆင့် ပြောကြား ခဲ့ပါတယ်​။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024