ကနေဒါ G-7 ထိပ်သီးဆွေးနွေးပွဲမတိုင်မီ လူရာချီ ဆန္ဒပြ

ကနေဒါနိုင်ငံ၊ ခေးဘတ်မြို့မှာ ကျင်းပမယ့် G-7 ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ဇွန်လ ၇ ရက်နေ့က ရာနဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေဟာ သာမန်လူထုရဲ့ အကျိုးစီးပွားတွေကို လျစ်လျူရှုနေတယ်ဆိုပြီး ဆန္ဒပြကြတာပါ။ ဒါ့ပြင် ရာသီဥတုပြောင်းလဲမှုကို အလေးထားဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပြီး အမေရိကန်နိုင်ငံက စစ်အသုံးစရိတ် တိုးသုံးနေတာကို မေးခွန်းထုတ်ခဲ့ကြသလို ကမ္ဘာတဝှမ်း စစ်ပွဲတွေရပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဇွန်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ မန်နွားလီရှူလီယူ အပန်းဖြေစခန်းမှာ ပြုလုပ်မယ့် G-7 ထိပ်သီးဆွေးနွေးပွဲအတွက် ကနေဒါရဲနဲ့ စစ်သားတသောင်းလောက် လုံခြုံရေးရယူသွားမှာ ဖြစ်ပါတယ်။ G-7 နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ထိပ်သီးဆွေးနွေးပွဲအတွင်း  ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၊ ရွှေ့ပြောင်းနေထိုင်သူများအရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ တခြားအရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up