Home
မြန်မာသတင်း
ရော့စ်ဒန်ကလေ အပါအဝင် ၉ ဦးကို ချုပ်ရမန်ယူပြီး ဗဟန်းရဲစခန်းတွင် မူးယစ်မှုဖြင့် ဖမ်းထား
ပြည့်ဘုန်းအောင်
·
June 8, 2018
မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ်ဟောင်း ရော့စ်ဒန်ကလေ အပါအဝင် ၉ ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဗဟန်းမြို့နယ် ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ ဇွန်လ ၆ ရက်ညက ရော့စ်ဒန်ကလေ ငှားရမ်းနေထိုင်တဲ့ ဗဟန်းမြို့နယ် စမ်းရေတွင်းလမ်းကအိမ်ကို မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ရော့စ်ဒန်ကလေနဲ့ ဗြိတိန်နိုင်ငံသား ၁ ဦး၊ မြန်မာအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း ၉ ဦးကို ဖမ်းမိခဲ့တာပါ။ ဗဟန်းမြို့နယ်ရဲစခန်း တာဝန်ရှိ ရဲအရာရှိတဦးက “သတင်းအရ ဝင်ရောက်ရှာဖွေတာကတော့ ဇွန်လ ၆ ရက်နေ့ ညဥ့်ဦးပိုင်းလောက်ကပေါ့။ ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ သူအပါအဝင် ၉ ဦးကို အမှုအမှတ် ပ/၄၂-၂၀၁၈ နဲ့ မူးယစ်ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၉(က)၊ ပုဒ်မ ၂၀(က) နဲ့ ပုဒ်မ ၂၁ တို့နဲ့ အမှုဖွင့် အရေးယူထားတာပါ။ ဖမ်းမိတဲ့ ပစ္စည်းတွေကတော့ WY ၇၉၇ ပြား၊ အိုက်စ် ၃၀၃ ဂရမ် အပါအဝင် အခြား မူးယစ်ဆေးဝါးပစ္စည်းတွေ အပါအဝင်ပါ။ ဖမ်းမိတာကတော့ ကျား ၃ ဦး၊ မ ၆ ဦး စုစုပေါင်း ၉ ယောက်ပါ” လို့ ပြောပါတယ်။ အသက် ၆၀ အရွယ် သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေဟာ မြန်မာတိုင်းမ်ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းတဦးဖြစ်ပြီး လက်ရှိ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံ အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ရော့စ်ဒန်ကလေဟာ ၂၀၁၁ ခုနှစ်တုန်းကလည်း အမျိုးသမီးကို နာကျင်စေမှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်မှုတွေနဲ့ ရန်ကုန်မှာ တရားရင်ဆိုင်ခဲ့ရဖူးသူ ဖြစ်ပါတယ်။ သူနဲ့အတူဖမ်းမိတဲ့ ဗြိတိန်နိုင်ငံသားကတော့ အသက် ၆၃ နှစ်အရွယ်ရှိပြီး Go Media ကုမ္ပဏီရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရော့စ်ဒန်ကလေ အပါအဝင် ၉ ဦးကို ချုပ်ရမန်ယူထားပြီး ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ ဓာတ်ပုံ-အေပီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024