Home
မြန်မာသတင်း
မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို တင်းကျပ်ဖမ်းဆီး အရေးယူမည်
DVB
·
June 8, 2018
မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေ ငှားရမ်းလုပ်ကိုင်တဲ့ အစီအစဉ် (Rehiring Programme) ကို ဇွန်လ ၃၀ ရက်နောက်ပိုင်း ဆက်လက် ဆောင်ရွက်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ မလေးရှား ပြည်ထဲရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ မလေးရှားအစိုးရဟာ နိုင်ငံတွင်းရှိ တရားမဝင် နိုင်ငံခြားသား အလုပ်သမား ပြဿနာကို တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေတွေနဲ့အညီ အလေးပေး ကိုင်တွယ်ဆောင်ရွက်နေပြီး ဖမ်းဆီးရမိတဲ့ တရားမဝင် အလုပ်သမားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ ကွာလာလမ်ပူမြို့ Petaling လမ်းရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ဖမ်းဆီးရေး လုပ်ငန်းစီမံချက်ကို စတင်ချမှတ်ခဲ့ပြီး တရားမဝင် အလုပ်သမား ၁၇၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာသံရုံးရဲ့ ဇွန်လ ၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- The Star
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024