တရုတ်နှင့် အိန္ဒိယ ပြည်သူများအချင်းချင်းကြား ဖလှယ်မှုတိုးမြှင့်ရေး ဆော်သြ

တရုတ်အရေးလေ့လာသူ အိန္ဒိယနိုင်ငံသားက တရုတ်နဲ့ အိန္ဒိယက ပြည်သူတွေ အချင်းချင်းကြား ဖလှယ်မှုတိုးမြှင့်ရေး ဆော်သြလိုက်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံကြား ပြည်သူချင်း ဖလှယ်မှုတွေ တိုးမြှင့်သင့်တယ်၊ တိုးမြှင့်နိုင်သေးတယ်လို့ တရုတ်ရေးရာကျွမ်းကျင်သူ အိန္ဒိယဌာနမှူး ဒေါက်တာ အဗီဂျစ် ဘနာဂျီက ပြောလိုက်တာပါ။ သူဟာ အိန္ဒိယရဲ့ လက်ရွေးစင်တက္ကသိုလ်တွေထဲက တခုဖြစ်တဲ့ ဗစ်ဗာ ဘာရာသီ တက္ကသိုလ် တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှု ဌာနမှူးလည်း ဖြစ်ပါတယ်။ စာပေဆိုင်ရာ နိုဘယ်လ်ဆုရှင် ရာဘင်ဒြာနတ်သ်တဂိုး တည်ထောင်ခဲ့တဲ့ ဒီတက္ကသိုလ်မှာ တရုတ်စာသင်ပေးလာတာ ၁၅ နှစ် ရှိပါပြီ။ ဒီဌာနဟာ တရုတ်-အိန္ဒိယ ပညာရေးဖလှယ်မှု အစဉ်အလာကို ဆက်ပြီး ဆောင်ကြဉ်းနေတယ်လို့ သူက ပြောပါတယ်။ ဌာနဟာ နှစ်စဉ် ကျောင်းသား အယောက် ၁၀၀ လက်ခံပါတယ်။ တရုတ်နဲ့ အိန္ဒိယကြား ပိုနီးကပ်တဲ့ ဆက်ဆံရေးကြောင့် တရုတ်စကား သင်ထားသူတွေဟာ နိုင်ငံတွင်း အလုပ်ဈေးကွက်မှာ နေရာကောင်း ရကြတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ လတ်တလောနှစ်တွေမှာ ဒီဌာနက တရုတ်နိုင်ငံ ဘေကျင်းတက္ကသိုလ်နဲ့ ယူနန်ပြည်နယ်ထဲက တချို့တက္ကသိုလ်၊ ကောလိပ်တွေနဲ့ ကျောင်းသားဖလှယ်ရေး အစီအစဉ်တွေ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို တည်ဆောက်ခဲ့ပါတယ်။ လူငယ်မျိုးဆက်တွေကြားမှာ ဆက်ဆံရေး တိုးတက်လာရင် အပြန်အလှန် ဆက်ဆံရေးလည်း တိုးတက်ဖို့ အထောက်အကူဖြစ်မယ်လို့ ဘာဗာနာဌာနက ယုံကြည်ထားပါတယ်။ “ဒီကနေ့မှာ တရုတ်နဲ့ အိန္ဒိယ လူငယ်တွေဟာ တယောက်ကိုတယောက် ပိုလေ့လာသင့်တယ်၊ တယောက်နိုင်ငံတယောက် လည်ပတ်သင့်တယ်၊ ဒါဟာ ပညာရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်တွေမှာ ဆက်ဆံရေးပါပဲ၊ အပြန်အလှန် ဆက်ဆံရေး ပိုကောင်းမယ့် နည်းလမ်းတွေကို အတူရှာဖို့ လုပ်သင့်တယ်” လို့ ဘနာဂျီက ပြောပါတယ်။ အိန္ဒိယဟာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ ပူးပေါင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up