၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆီနီဂေါအသင်း မိတ်ဆက်

ဆီနီဂေါအသင်းရဲ့ ကမ္ဘာဖလားပြိုင်ပွဲ ရပ်တည်မှု အခြေအနေကတော့ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာတော့ ခြေစစ်ပွဲတောင် မအောင်ခဲ့ပါဘူး။ အခုနှစ် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့တဲ့ ဆီနီဂေါအသင်းအနေနဲ့ ၂၀၀၂ ခုနှစ်ကလို ခြေစွမ်းမျိုးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။ ကြံ့ခိုင်မှုနဲ့ လျင်မြင်ဖျတ်လတ်မှုတွေကြောင့် ဆီနီဂေါအသင်းကို အုပ်စုအဆင့်က နောက်တဆင့် တက်လှမ်းနိုင်ဖို့တော့ မျှော်လင့်နိုင်မယ် ထင်ပါတယ်။ ဆီနီဂေါအသင်းရဲ့ အကောင်းဆုံးပုံစံကို ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်းကစပြီး မတွေ့မြင်ရတော့တာပါ။ နည်းပြအဖြစ် ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဆီနီဂေါကို ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ခဲ့တဲ့ အလီယူဆစ်စီ တကျော့ပြန်ကိုင်တွယ်ပြီးနောက် အခု ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ ဆာဒီယို မာနေးနဲ့ အီဒရစ်ဆာ ဂူဗီတို့ ပါဝင်တဲ့ ဆီနီဂေါအသင်းဟာ နောက်တဆင့် တက်နိုင်ဖို့ လုံလောက်တဲ့အမှတ် ရရှိနိုင်တဲ့ခြေစွမ်းမျိုး ပိုင်ဆိုင်ထားပါတယ်။ နာပိုလီ နောက်တန်းကစားသမား  ကူလီဘာလီ၊ ပရီးမီးယားလိဂ် ကွင်းလယ်ကစားသမားတွေ ဖြစ်ကြတဲ့ ကူယာတေးနဲ့ ဂူယီတို့ ပါဝင်နေတဲ့ ဆီနီဂေါအသင်းအနေနဲ့ ၂၀၀၂ ခုနှစ်က ခြေစွမ်းမျိုးနဲ့ ပြန်လာနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါ။ ဆီနီဂေါအသင်းအတွက် စောင့်ကြည့်ရမယ့် ကစားသမားတွေအဖြစ် ကီတာဘယ်ဒီနဲ့ ဆာဒီယို မာနေးတို့ကို ရွေးချယ်ချင်ပါတယ်။ ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၂၇ မှာ ရှိနေတဲ့ ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု အိတ်ခ်ျမှာ ပိုလန်၊ ကိုလံဘီယာ၊ ဂျပန်တို့နဲ့ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ပိုလန်အသင်းနဲ့ ဇွန်လ ၁၉ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆီနီဂေါလက်ရွေးစင်ကစားသမား ၂၃ ဦး စာရင်း ဂိုး - ဒီယာလို (ရင်းနက်စ်)၊ အန်ဒီယာရီ (ဟိုရာယာအေစီ)၊ ဂိုမစ္စ (အက်စ်ပီအေအယ်လ်) နောက်တန်း - အမ်ဘော့ဒ်ဂျီ (အန်းဒါးလက်ခ်ျ)၊ ကူလီဘာလီ (နာပိုလီ)၊ ဆစ္စ (အန်ဂါးစ်)၊ ဝါဂူး (ယူပန်း)၊ ဆာဘာလီ (ဘော့ဒိုး)၊ ဂတ်စ်ဆာမာ (အလန်ယာစပေါ်)၊ အလယ်တန်း - အန်ဒီယာယီ (ဝုဖ်ဗာဟမ်တန်)၊ ဂူယီ (အဲဗာတန်)၊ ကူယာတေး (ဝက်စ်ဟမ်း)၊ အန်ဒွိုင်း (ဘာမင်ဂမ်)၊ ဆာနေး (ဟန်နိုဘာ)၊ အန်ဒီယာယီ (စတုတ်) ရှေ့တန်း - မာနေး (လီဗာပူး)၊ ဘယ်ဒီ (မိုနာကို)၊ ဆားရ်၊ ဆာခို (ရင်းနက်စ်)၊ ကွန်နာတေး (အေမီယန်စ်)၊ ဒီအော့ဖ် (စတုတ်)၊ နီယန် (တိုရီနို)၊ ဆောမူဆာ (ဘာစာစပေါ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up